ရန်ကုန် ဧပြီ ၁၂
လသာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသန့်ရှင်း သာယာလှပစေရေး ဧပြီ ၉ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့်ဌာနများကတွဲဖက် ဝန်ထမ်းများပူးပေါင်းအင်အား ၃၉ ဦးဖြင့် ကျောင်းရှေ့ရေမြောင်း ဆယ်ယူခြင်း၊ ဖြတ်မြောင်းနှာပေါက်များအတွင်း အမှိုက်၊သဲ၊ခဲ၊ များရှင်းလင်းခြင်း၊ ကျောင်းဆိုင်းဘုတ်ကို ရေဖြင့်ဆေးကြောခြင်း၊ အမှိုက်များလှည်းခြင်း၊ ကျောင်းပင်မဆောင် (သီဟဆောင်)ရှေ့ရှိ အရိပ်ရအပင်များ၏ အောက်တက်များ ရှင်းလင်းခြင်း၊ ကျောင်းရှေ့အုတ်တံတိုင်းရှိ ရေညှိများကိုရေဖြင့်ဆေးကြောခြင်း၊ စွန့်ပစ်အမှိုက်များသိမ်းဆည်းခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ် တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သွေးလွန်တုပ်ကွေးရောဂါကြို တင်ကာကွယ်နိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ် ဆေးခပ်ခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ အား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ခြင်းတို့ ဆောင်ရွက်ကြစဉ်။
ကျော်သူထက်