မော်စကို၊ ဧပြီ ၁၂
ဥရောပ၏ တတိယအရှည်ဆုံးမြစ် ဖြစ်သည့် ယူရယ်မြစ်ကမ်းပါးပြိုပြီး နောက် ရုရှားနှင့် ကာဇက်စတန်တစ်ဝန်း မြို့ကြီးများတွင် ရေလွှမ်းမိုးပြီး လူ ပေါင်း ၁၁၀,၀၀၀ ခန့်ကို ဧပြီ ၁၁ ရက် က ရေဘေးလွှတ်ရာ ရွှေ့ပြောင်းပေး ထားကြောင်း သိရသည်။
မော်စကိုမြို့အရှေ့ဘက် ကီလိုမီတာ ၁,၂၀၀ အကွာတွင် လူဦးရေငါးသိန်းခွဲ နေထိုင်သည့် ရုရှားမြို့ အိုရန်ဘာ့ဂ်အနီး မြစ်ရေသည် ၁၀ မီတာအထိ မြင့် တက်လာပြီး စိုးရိမ်ရေမှတ်အထက် ကျော်လွန်လျက်ရှိကာ နှစ် ၈၀ အတွင်း စံချိန်တင် ရေလွှမ်းမိုးမှုကြောင့် နေအိမ် ရာချီ ရေနစ်မြုပ်နေကြောင်း သိရသည်။
အလားတူ ကာဇက်စတန်နိုင်ငံ ပြည်နယ် ၁၇ ခုအနက် ရှစ်ခုတွင်လည်း အရေးပေါ်အခြေအနေ ကြေညာထား ရပြီး ကာဇက်စတန်ကို စီးဝင် သည့် ယူရယ်မြစ်အထက်ပိုင်း တာတမံ တစ်ခု ပေါ် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေကြောင်း သိရသည်။
ကက်စပီယံပင်လယ်ကို စီးဝင်သည့် ယူရယ်လို အဓိကမြစ်ကြီးများတွင် ရေမျက်နှာပြင်သည် စိုးရိမ်ရေမှတ် အထက် ကျော်လွန်မြင့်တက်ပြီးနောက် ယူရယ်ဒေသ၊ ဆိုက်ဘေးရီးယား၊ဗော်လ် ဂါနှင့်ကာဇက်စတန်ဒေသအခြေချ နေထိုင်ရာ နေရာအများအပြားကို ရေလွှမ်းနေခြင်းဖြစ်ကြောင်းအာဏာပိုင် များက ပြောသည်။
(ref: AFP)