နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံဆိုင်ရာ ခရီးသွားလာရေးအကြံပြုချက်များ ရုပ်သိမ်းရန် အမေရိကန်ကို တရုတ်တိုက်တွန်း

ပေကျင်း၊ ဧပြီ ၁၂

တရုတ်နိုင်ငံဆိုင်ရာ ခရီးသွား လာရေး အကြံပြုချက်များကို ပြန်လည် ရုပ်သိမ်းရန် အမေရိကန်အစိုးရကို တရုတ်အစိုးရက ဧပြီ ၁၁ ရက်တွင် တိုက်တွန်းပြောဆိုသည်။

တရုတ်နှင့်ပတ်သက်သော ခရီးသွား သတိပေးချက်သည် ကျိုးကြောင်း ဆီ လျော်မှုမရှိဘဲ နှစ်နိုင်ငံ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးအတွက် ထိခိုက် စေသော အတားအဆီးတစ်ခု ဖြစ် ကြောင်း တရုတ်အစိုးရက ပြောသည်။

တရုတ်နိုင်ငံသို့ ခရီးသွားမည့် အမေရိကန်ပြည်သူများကို တရုတ်က ယင်း၏ ပြည်တွင်းဥပဒေများ တမင် ကျင့်သုံးခြင်း၊ ပြည်ပပြန်လည် ထွက်ခွာ ခွင့်တားမြစ်ပိတ်ပင်ခြင်းနှင့် မှားယွင်း ဖမ်းဆီးခြင်းစသည်တို့ ပြုလုပ်နေ သဖြင့် ပိုသတိထားကြရန်နှင့်တရုတ် ပြည်မကြီးကို သွားရောက်လည်ပတ် မည်ဆိုပါက ပြန်စဉ်းစားရန် အမေရိကန် နိုင်ငံခြား ရေးဌာနက သတိပေးချက်များ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ တရုတ်ဘက် ကလည်း အမေရိကန်သို့သွားမည့် တရုတ်နိုင်ငံသားများကို ခရီးသွား သတိပေးချက် တန်ပြန်ထုတ် ပြန်ခဲ့ ပြီး အမေရိကန် သူလျှိုများက တရုတ် နိုင်ငံသားများကို ပိုမို နှောင့်ယှက် သည်ဟု စွပ်စွဲခဲ့သော်လည်း ယင်းစွဲချက် ကို အမေရိကန် အရာရှိများက ငြင်းဆို ထားသည်။







(ref: Reuters)






အခြားဆက်စပ်သတင်းများ