နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဉာဏ်ရည်တုနည်းပညာတွင် တောင်ကိုရီးယားက ကန်ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

ဆိုးလ်၊ ဧပြီ ၁၁

တစ်ပိုင်းလျှပ်ကူးပစ္စည်း မိုက်ခရို ချစ်ပ် လုပ်ငန်းအတွက်တစ်ကမ္ဘာလုံး တွင် ဦးဆောင်နေမှုကို ဆက်ထိန်းထား နိုင်ရန် တောင်ကိုရီးယားနိုင်ငံက ၂၀၂၇ ခုနှစ်အထိ ဉာဏ်ရည်တုနည်းပညာ(AI) တွင် ကန်ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံ သွားမည်ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုလ်က ပြောသည်။

တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံခြား တင်ပို့မှု စီးပွားရေးတွင် မိုက်ခရိုချစ်ပ် လုပ်ငန်းသည် အဓိက အခန်းကဏ္ဍက ပါဝင်နေပြီး မတ်လတွင် ယင်းတို့၏ ချစ်ပ်တင်ပို့မှုဝင်ငွေမှ ကန်ဒေါ်လာ ၁၁ ဒသမ ၇ သန်းအထိ ရရှိထားကာ တစ်နိုင်ငံလုံးတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်း နီးပါးကို ကိုယ်စားပြုပြီး ၂၁ လတာ ကာလအတွင်း အများဆုံးတင်ပို့မှု ဖြစ် ကြောင်း သိရသည်။

ဉာဏ်ရည်တု နည်းပညာဆိုင်ရာ ရန်ပုံငွေနှင့်ရင်းနှီးမြှုပ်နှံမှု လျာထား ချက်များသည် အနာဂတ်မျိုးဆက် ချစ်ပ် ပြားများအပေါ် သုတေသနလုပ် ဆောင်ရာတွင် သိသာစွာ တိုးချဲ့လုပ် ဆောင်နိုင်မည်ဖြစ်ကြောင်း တောင်ကို ရီးယားအစိုးရ ထုတ်ပြန်ပြောကြားသည်။

တောင်ကိုရီးယားအစိုးရသည် အနာဂတ် မျိုးဆက်သစ် artificial general intelligence (AGI) နှင့် ဘေးကင်းလုံခြုံရေးနည်းပညာရပ်များ ကိုလည်း အားပေးသွားမည် ဖြစ်ကြောင်း သိရသည်။                           






(ref: AP)






အခြားဆက်စပ်သတင်းများ