နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်ဖျက်ဆီးမှုဟူသမျှ ဆန့်ကျင်ရှုတ်ချ

ပဲခူး-မော်လမြိုင်လမ်းပိုင်း၌ သဲဖြူကုန်းမှကလိခရီးစဉ်အဖြစ် ဧပြီ ၁၀ ရက်ထွက်ခွာလာသည့် အမှတ် ၆၈၆ အစုန်ကျောက်ရထား သည် မွန်ပြည်နယ်သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာမှ နံနက် ၆ နာရီ ၅၇ မိနစ်တွင်ထွက်ခွာပြီး သိမ်ဆိပ်ဘူတာနှင့်ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ် ၁၂၅/၉-၁၀ အရောက်ရထားခုတ်မောင်းဖြတ်သန်း စဉ် နံနက် ၇ နာရီ ၅ မိနစ်အချိန်၌ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က ထောင်ထားသည့်မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားတွဲဆိုင်းတွင် ပါရှိသော စက်ခေါင်းနှင့်အတူစက်ခေါင်းရှေ့မိုင်းကာတွဲ၊စက်ခေါင်းနောက်ကပ်လျက်၊စက်ခေါင်းမောင်းနားနေတွဲနှင့် ကျောက်တွဲနှစ်တွဲ လမ်းချော်ကျမှုဖြစ်ပွားသည်။

 အလားတူ နံနက် ၆ နာရီ ၄၀ မိနစ်တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီးတောင်ငူဘူတာနှင့် သောင်းတိုင်ကုန်းဘူတာအကြား စီမံကိန်းလုပ်ငန်းဆောင်ရွက်နေ သော ရထားပြေးဆွဲမှုမရှိသည့် အစုန်လမ်းပေါ်၌ မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သည်။

 ရန်ကုန်-မန္တလေးရထားလမ်းပိုင်းသည် နိုင်ငံအတွက်ခရီးသည် နှင့်ကုန်စည်ပိုဆောင်ရေးအတွက် အဓိကအရေးပါသည့် ဂျပန်နိုင်ငံ ဖွံ့ဖြိုးရေး အကူအညီချေးငွေများဖြင့် အဆင့်မြှင့်တင်တည်ဆောက် လျက်ရှိရာ စီမံကိန်းပြီးစီးပါက ရန်ကုန်-မန္တလေးအကြား ရထား ခုတ်မောင်းချိန် ရှစ်နာရီဖြင့်ရောက်ရှိရေး ဆောင်ရွက်နေခြင်းဖြစ် သည်။

 အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံတော်ပိုင်ရထား စက်ခေါင်းများ၊ တွဲများ၊ ရထားလမ်းများ၊ တံတားများ၊ ကုန်စည်များ နှင့် ခရီးသည်များထိခိုက်ပျက်စီးစေရေး၊ ပြည်သူများအသက် အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး၊ ရထားဖြင့် ခရီးသွား လာမှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရထားလမ်းအဆင့် မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများ ကြန့်ကြာစေရေး ယုတ်မာ ပက်စက်သော ရည်ရွယ်ချက်များဖြင့် ကျူးလွန်နေကြခြင်းဖြစ် သည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားကွန်ရက် တစ်ခုလုံးတွင်  ရထားလမ်းနှင့်ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်းအကြိမ် (၁၃၀)၊ ရထားတံတားများ အား မိုင်းခွဲဖျက်ဆီးခြင်း (၅၃) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ်ကျူးလွန်ခဲ့ပြီး ဖြစ်သည်။

ပြည်သူများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနေ့စဉ် ပရိယေ သနဝမ်းစာရှာဖွေရေးတို့တွင် လမ်းတံတားများအပါအဝင် အခြေခံ အဆောက်အအုံများကောင်းမွန်နေမှသာ ဆက်သွယ်ကူးသန်းသွား လာရေးလွယ်ကူမည်ဖြစ်သည်။ ကုန်စည်စီးဆင်းမှုလည်း မြန်ဆန် ကောင်းမွန်မည်ဖြစ်သည်။ သို့ဖြစ်ရာ အခြေခံအဆောက်အအုံများ အား အကြမ်းဖက်ဖျက်ဆီးသည့်လုပ်ရပ်ဟူသမျှ ပြည်သူ့အားဖြင့် တားဆီးကာကွယ်ဆန့်ကျင်ရှုတ်ချကြရပါမည်အကြောင်း တိုက် တွန်းနှိုးဆော်ရပါသည်။   






အခြားဆက်စပ်သတင်းများ