နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အနောက်ရွှေဂုံတိုင်လမ်းနှင့်ရွှေတိဂုံဘုရားမြောက်ဘက်မုခ်ကြားရှိ ရွှေတိဂုံဘုရားပတ်လမ်း ကတ္တရာကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဧပြီ  ၁၁

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင် နီယာဌာန(လမ်းနှင့်တံတား)က တာဝန်ယူဆောင်ရွက်ခဲ့သောအနောက်ရွှေဂုံတိုင်လမ်းနှင့် ရွှေတိဂုံဘုရားမြောက်ဘက်မုခ် ကြားရှိ ရွှေတိဂုံဘုရားပတ်လမ်း ကတ္တရာကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ဗဟန်းမြို့နယ် ရှိ အဆိုပါလမ်းတွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင် များ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ  (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ဌာနမှူးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့်ဧည့် သည်တော်များ တက်ရောက်ကြ သည်။

ထို့နောက် ရွှေတိဂုံဘုရား ပတ်လမ်း (အနောက်ရွှေဂုံတိုင် လမ်းနှင့်ရွှေတိဂုံဘုရားမြောက် ဘက်မုခ်ကြား) ကတ္တရာကွန် ကရစ်လမ်းဖွင့်ပွဲအခမ်းအနား ကို ဒုတိယမြို့တော်ဝန်၊ ကော် မတီဝင် ဦးအောင်နိုင်နှင့်ဌာနမှူး များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် များ ၊အခမ်းအနားတက်ရောက် လာကြသူများက လမ်းကို ဖြတ်သန်းကြည့်ရှု စစ်ဆေးကြ သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင် နီယာဌာန(လမ်းနှင့်တံတား)လုပ်ငန်းတာဝန်များတွင် ပါဝင် သော မြို့တော်စည်ပင်သာယာ ရေးနယ်နိမိတ်အတွင်းရှိလမ်း များတည်ဆောက်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ် များ အလိုက် လျာထားတင်ပြပြီး ဆောင်ရွက်လျက်ရှိရာ ယခုအဆင့် မြှင့်တင်ဆောင်ရွက်ပြီးစီးခဲ့ သော ရွှေတိဂုံဘုရားပတ်လမ်း (အနောက်ရွှေဂုံတိုင်လမ်းနှင့် ရွှေတိဂုံ ဘုရားမြောက်ဘက်မုခ် ကြား)မှာ မူလလမ်း အကျယ်ပေ ၂ဝ ရှိရာမှ ယာဉ်သွားလာမှု အဆင်ပြေစေရေးအတွက်လမ်း အကျယ် ၃ဝ ပေ ရရှိရန်ချဲ့ထွင် ၍ ကတ္တရာကွန်ကရစ်ထပ်ပိုးလွှာ ခင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အနောက်ရွှေဂုံတိုင်လမ်းမှ ရွှေတိဂုံဘုရားမြောက်ဘက်မုခ် ဘက်သို့ သွားလာသောယာဉ် များနှင့် ဦးဝိစာရလမ်းဘက်သို့ သွားသော ယာဉ်များ အဆင် ပြေစေရန်အတွက် လမ်းဆုံ နေရာကိုလည်း ချဲ့ထွင်၍ ယာဉ်ကြော စီမံခန့်ခွဲမှုများ ဆောင်ရွက်ထားသည်။

 







 ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ