နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခြေခံလူတန်းစားများကို ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန် ထောက်ပံ့မည် ပြည်သူနှင့် ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းများကို လျှပ်စစ်ဓာတ်အား ၁၅၀ ယူနစ် အခမဲ့ပေးမည်

ရန်ကုန် ဧပြီ ၇ မဟာသကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်တို့ကို ထောက်ပံပေးသွားမည်ဖြစ်ကြောင်း Covid-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ သတင်းထုတ်ပြန်လိုက်သည်။ အိမ်ထောင်စုတစ်စုကို ဆန်၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာ၊ စုစုပေါင်းထောက်ပံ့မှု ၅ မျိုးစီကို ဧပြီ ၁၀ ရက်မှစတင်၍ အခမဲ့ ဖြန့်ဖြူးထောက်ပံပေးသွားမည်ဖြစ် သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ယခုကဲ့သို့ဆောင်ရွက်ရာတွင် မလိုလားအပ်သည့် လေလွင့်မှုများ၊ ကြန့်ကြာမှုများ၊ အဂတိလိုက်စားမှုများမဖြစ်ပေါ်စေရန်အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရတိဟလူငယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ(သံရုံးများ၊ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်းများမပါ)အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁၅၀ ယူနစ်အထိ ကိုဧပြီလကုန်အထိ အခမဲ့ပေးသွားမည်ဟုလည်း ထုတ်ပြန်လိုက်သည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ