နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေတီကိုအသင်းမှ ထွက်ခွာမည့် ဟာမိုဆိုကို ခေါ်ယူရန် အက်စတွန်ဗီလာအသင်းပြင်ဆင်

ဧပြီ ၉

အက်စတွန်ဗီလာအသင်း သည် လာမည့်နွေရာသီတွင် အေတီကိုအသင်းမှ အလွတ် ပြောင်းရွှေ့ခွင့်ဖြင့် ထွက်ခွာမည့် ခံစစ်ကစားသမား ဟာမိုဆိုကို ခေါ်ယူရန် ပြင်ဆင်လျက်ရှိ‌ ကြောင်း သိရသည်။

ခံစစ်ကစားသမား ဟာမိုဆို သည် အေတီကိုအသင်းတွင် ခြေစွမ်းပြသနိုင်ခဲ့သော်လည်း အသင်းအနေဖြင့် စာချုပ်သစ် ကမ်းလှမ်းမှုမရှိတော့သဖြင့်လာ မည့် နွေရာသီတွင် စာချုပ်ကုန် ဆုံးပါက အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားသောကြောင့် အက်စတွန်ဗီလာအသင်း နည်း ပြ အမ်မရီက ဟာမိုဆိုကို ခေါ် ယူရန် ပစ်မှတ်ထားနေပြီး စီးရီး အေကလပ် အင်တာမီလန် အသင်းနှင့်အပြိုင်ကြိုးပမ်းရ မည်ဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ခံစစ်ကစားသမားသည် အေတီ ကို အသင်းသို့ ၂၀၁၉ ခုနှစ်က ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး အသင်း နှင့်အတူ ပြိုင်ပွဲစုံ ၁၆၅ ပွဲပါဝင်ခဲ့ ရာတွင် သွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့သကဲ့သို့ ယခုနှစ် ဘောလုံးရာသီတွင်လည်း ပြိုင် ပွဲစုံ ၃၆ ပွဲထိ ပါဝင်ကစားခွင့်ရရှိ ခဲ့ကာ သွင်းဂိုးနှစ်ဂိုးနှင့်ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ပုံစံကောင်းရရှိခဲ့သော်လည်း လာမည့် နွေရာသီတွင် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။                       







သူရိန်






အခြားဆက်စပ်သတင်းများ