နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဓမ္မဒူတကျောင်းတိုက်မှ Quarantine ခံယူသူများအိမ်ပြန်ခွင့်ရပြီ

ရန်ကုန် ဧပြီ ၇ မှော်ဘီမြို့နယ်၊ ဓမ္မဒူတ ဆေကိန္ဒာရာမကျောင်းတိုက်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း ၁၄ ရက်ကြာ Quarantine ခံယူခဲ့သူများကို ဧပြီ ၆ ရက်၊ နံနက်ပိုင်းမှစ၍ မိမိနေထိုင်ရာနေအိမ်များသို့ ပြန်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ''အကုန်လုံး ပြန်ရတယ်။ ပထမက အားလုံးပေါင်း ၁၀၈ ယောက်။ Positive တစ်ယောက်နဲ့ သူနဲ့ အတူတူနေတဲ့ ၅ ယောက်ကဝေဘာဂီကိုရောက်သွားတယ်။ ဒီမှာကျန်တဲ့ ၁၀၂ ယောက်လုံးက Negative ။ အားလုံးကျန်းကျန်းမာမာနဲ့ပဲ ပြန်သွားကြပြီ''ဟုဓမ္မဒူတမှ ကိုဥက္ကာသိန်းက ပြောသည်။ ယခုကဲ့သို့ အိမ်ပြန်ခွင့်ပြုလိုက်သူများသည် ၁၄ ရက်ကြာအောင် Quarantine ခံယူခဲ့သည့်အပြင် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)၏ ဓာတ်ခွဲအဖြေများအရ Negative သာဖြစ်သည့်အတွက် အိမ် ပြန်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ''ဒီကျောင်းမှာက အင်္ဂလန်တို့၊ အမေရိကန်တို့က ပြန်လာတဲ့ ပညာတော်သင်တွေ၊ ကျောင်းသား၊ ကျောင်းသူ တွေများတယ်။ ကလေးတွေများတယ်။ လူကြီးဆိုလို့ တစ်ယောက်နှစ်ယောက်ပဲပါတယ်''ဟု ကိုဥက္ကာသိန်း က ပြောသည်။ အဆိုပါ Quarantine ခံယူခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုကျန်းမာရေးဝန်ထမ်းများ၊ ဓမ္မဒူတ မောင်မယ်များ၊ လုံခြုံရေးဝန်ထမ်းများ၊ ဝေယျာဝစ္စကူညီသူများစသည်ဖြင့် စုစုပေါင်းအင်အား ၄၀ဝ ကျော်ဖြင့် ပြုစုစောင့်ရှောက်ခဲ့ခြင်းဖြစ်သည်။ ဓမ္မဒူတ ဆေကိန္ဒာရာမကျောင်းတိုက်ကို Quarantine စင်တာအဖြစ်ပြုလုပ်ပြီး ပြည်ပမှပြန်လာသူများကို Quarantine ထားရှိခဲ့ခြင်းဖြစ်ရာ နောက်ထပ်လိုအပ်လာပါကလည်း Quarantine ခံယူမည့်သူ ၂၀ဝ ဦးအတွက် အဆင်သင့်ပြင်ထားကြောင်း သိရသည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ