နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာဂျယ်စမန်းကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးရန် ဂျာမနီအသင်း ကြိုးပမ်း

ဧပြီ ၆

ဂျာမနီဘောလုံးအဖွဲ့ချုပ် သည် နည်းပြ နာဂျယ်စမန်းကို ယခုနှစ်ကုန်ထိ ကာလတို ခန့် အပ်ခဲ့သော်လည်း ၎င်းအနေဖြင့် အသင်း၏ ရလဒ်ပိုင်းကို တိုးတက်အောင် စွမ်းဆောင်နိုင် ခဲ့သောကြောင့် ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးရန် ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။

နည်းပြ နာဂျယ်စမန်းသည် ဂျာမနီအသင်းကို တာဝန်ယူပြီး နောက် ခြေစမ်းပွဲ ခြောက်ပွဲ ကိုင်တွယ်ခဲ့ရာတွင် သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးရလဒ်ရရှိခဲ့ ပြီး အမေရိကန်၊ ပြင်သစ်နှင့် နယ်သာလန်အသင်းတို့ကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင် ခဲ့သည်။

လက်ရှိတွင် ဘိုင်ယန်မြူး နစ်အသင်းက နည်းပြ တူချယ် ၏နေရာတွင် အစားထိုးရန် အတွက် နာဂျာစမန်းကို ပြန်လည်ခန့်အပ်ရန် ပစ်မှတ် ထားနေပြီး လာမည့်ရက်ပိုင်း အတွင်း နည်းပြနှင့်တွေ့ဆုံရန် စီစဉ်နေသောကြောင့် ဂျာမနီ ဘောလုံးအဖွဲ့ချုပ်က စာချုပ်သစ် ကိစ္စကို အမြန်ဆုံးဆောင်ရွက် ရန်ကြိုးပမ်းနေခြင်းဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိ နည်းပြ နာဂျယ်စမန်းသည် ၂၀၁၃ ခုနှစ်က ဟော်ဖန်ဟိမ်း လူငယ်အသင်းကို တာဝန်ယူခဲ့ ပြီးနောက် ၂၀၁၆ ခုနှစ်တွင် စီနီယာအသင်းကြီးကို စတင် ကိုင်တွယ်ခဲ့ရာ ရလဒ်ကောင်း များရယူနိုင်ခဲ့သဖြင့် ၂၀၁၉ ခုနှစ်တွင် လိုက်ပ်ဇက်အသင်းကို ရောက်ရှိခဲ့ပြီး အသင်းကို ဘွန်ဒက်စ်လီဂါ ထိပ်သီးအသင်း တစ်သင်း ဖြစ်အောင် တည်ဆောက်နိုင်ခဲ့သော‌ကြောင့်  ၂၀၂၁ ခုနှစ်တွင် ဘိုင်ယန်မြူးနစ် အသင်းက ခေါ်ယူခဲ့ပြီး အသင်းကို စူပါဖလားနှင့် အမှတ်ပေးဆု ဖလားများ ရယူပေးနိုင်ခဲ့သော် လည်း အသင်းတာဝန်ရှိသူများက ချန်ပီယံလိဂ် ပြိုင်ပွဲတွင် အောင်မြင်မှုမရခဲ့သောကြောင့် ၂၀၂၃ ခုနှစ်တွင် ၎င်းနှင့် လမ်းခွဲခဲ့ ကြောင်း သိရသည်။           






သူရိန်






အခြားဆက်စပ်သတင်းများ