နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးအသင်းက နည်းပြ ကလော့ပ်နေရာတွင် အစားထိုးရန် အင်ဇာဂီကို ပစ်မှတ်ထား

ဧပြီ  ၆

လီဗာပူး အသင်းက ယခုနှစ် ဘောလုံးရာသီအကုန်၌ အသင်းမှထွက်ခွာမည့် နည်းပြ ကလော့ပ်၏နေရာတွင် အင် တာမီလန်အသင်း နည်းပြ အင်ဇာဂီနှင့် အစားထိုးရန်ပစ်မှတ် ထားနေကြောင်း သိရသည်။

 နည်းပြ ကလော့ပ်သည် လီ ဗာပူးအသင်းကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က စတင်တာဝန်ယူ ကိုင် တွယ်ခဲ့ပြီး အသင်းကို ဥရောပ ထိပ်တန်းအသင်း တစ်သင်းဖြစ် အောင် ပြန်လည်တည်ဆောက် နိုင်ခဲ့ကာ ချန်ပီယံလိဂ်ဖလားနှင့် ပရီးမီးယားလိဂ်ဖလား အပါအဝင်  ဆုဖလားများကိုဆွတ်ခူးပေးနိုင် ခဲ့သော်လည်း ယခုနှစ် ဘောလုံး ရာသီအကုန်တွင် လီဗာပူး အသင်းမှ ထွက်ခွာရန် ဆုံးဖြတ် ထားသူဖြစ်သည်။ 

လီဗာပူးအသင်းက နည်းပြ ကလော့ပ်၏နေရာတွင် အစား ထိုးရန်အတွက် လက်ရှိအချိန် ကတည်းက နည်းပြသစ်ကို ပစ်မှတ်ထားနေပြီး အစောပိုင်းက အသင်းမှ ကစားသမားဟောင်း တစ်ဦးဖြစ်သည့် လက်ရှိ လေဗာ ကူဆင်အသင်းကို ရှုံးပွဲမရှိ စံချိန်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးထားသည့် နည်းပြ အလွန်ဆိုကို ခန့်အပ်ရန် ကြိုးပမ်းခဲ့သော် လည်း အလွန်ဆိုကိုယ်တိုင်က လေဗာကူဆင် အသင်းတွင်သာ ဆက်လက်တာဝန်ယူရန် ဆုံး ဖြတ်ခဲ့သည့်အတွက် လီဗာပူး အသင်းက နည်းပြ အင်ဇာဂီကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။

နည်းပြ အင်ဇာဂီသည် အင်တာမီလန် အသင်းကို အောင်မြင်မှုများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ယခု နှစ် ဘောလုံးရာသီတွင်လည်း အမှတ်ပေးပြိုင်ပွဲ ၃၀ ကစား ချိန်တွင် ရမှတ် ၇၉ မှတ်ရရှိ အောင် စွမ်းဆောင်ထားကာ အီတလီ စီးရီးအေချန်ပီယံဆု ဆွတ်ခူးနိုင်ရန် နီးစပ်လျက်ရှိ သည်။                             






သူရိန်






အခြားဆက်စပ်သတင်းများ