နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေး

သဘာဝဘေးဟူသည် ရှောင်လွှဲ၍မရသည့် ဘေးအန္တရာယ် တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံတိုင်းတွင် သဘာဝဘေးဒဏ်များ ခံစားရလေ့ရှိသည်။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအထက်ပိုင်း တနိုင်းမြို့အနီးနှင့် မြန်မာနိုင်ငံ ပြင်ပရှိ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ နယူးယော့ခ်မြို့များတွင် အင်အားအသင့်အတင့် ရှိ မြေငလျင်များ ဆက်တိုက်လှုပ်ရှားလာသည်။

မြန်မာနိုင်ငံအတွင်းရှိ ပြတ်ရွေ့ကြောများအနက် ဘူမိပညာရှင် များ သိရှိစိတ်ဝင်စားကြသော မိုင် ၆၀၀ ကျော် ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံအလယ်မှ ဖြတ်၍ တောင် မြောက်တန်းလျက်အနေအထားဖြင့် တည်ရှိနေသည်။

မြေငလျင်လှုပ်ရှားခြင်းသည် ကြိုတင်ခန့်မှန်းမရသော သဘာဝ ဘေးတစ်ခုဖြစ်ပြီး ငလျင်ဒဏ်ကြီးမားသော် ပျက်စီးဆုံးရှုံးမှု များတတ်ပေသည်။ လူအသေအပျောက်၊ ထိခိုက်ဒဏ်ရာများစွာ ဖြစ်ပေါ်တတ်သည်။   ငလျင်ဘေးဒဏ်ကျရောက်ပြီးသည်နှင့် တစ်ပြိုင်နက် ကယ်ဆယ်ကုသရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေး ညီ ဆောင်ရွက်ကြရသည်။ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရသည်။

ငလျင်ဒဏ်သင့်ဒေသများရှိ ထိခိုက်ပျက်စီးခဲ့ရသော လယ်ယာ၊ အိုးအိမ်များနှင့် သာသနိက အဆောက်အအုံများ၊ စေတီပုထိုးများ၊ ပြန်လည်ပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းများကို နိုင်ငံတော်နှင့် ပြည်သူများ၏ စွမ်းအားဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ကြရမည် ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများသည် ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုတို့၏ ဆိုးကျိုးသက်ရောက်မှုများကို တွေ့ကြုံခံစားနေရပြီ ဖြစ်သည်။ မီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့သည် လက်ရှိကာလတွင် ရာသီဥတု အလွန်ပူပြင်းမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ် များ ဖြစ်သည်။

သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းနှင့် ဆူနာမီ ရေလှိုင်းတို့ကဲ့သို့ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်း တွက်ချက်နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းပါး အောင် ကာကွယ်နိုင်ကြမည်ဖြစ်သည်။

မြေငလျင်လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းမရနိုင်သော်လည်း မြေငလျင်ကြောအနီးတွင် နေထိုင်သူပြည်သူများ မြေငလျင်ဘေး ဒဏ်မှ ကင်းဝေးစေရန် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထား သင့်ပါကြောင်း။     






အခြားဆက်စပ်သတင်းများ