နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပယ်လ်မာ၏ နောက်ကျဂိုးဖြင့် ချဲလ်ဆီးအသင်းက မန်ယူအသင်းကို အနိုင်ရ

ဧပြီ ၅

ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ဖြင့် ချဲလ်ဆီးအသင်းနှင့် မန်ယူ အသင်းတို့ ယနေ့ နံနက်အစော ပိုင်းက စတန်းဖို့ဒ် ဘရစ်ချ်ကွင်း ၌ ယှဉ်ပြိုင်ကစားကြရာ ချဲလ် ဆီးအသင်းက မန်ယူအသင်းကို လေးဂို၊ သုံးဂိုးဖြင့် အနိုင်ရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် နှစ် သင်းစလုံး တိုက်စစ်ဆင်ကစား ခဲ့ကြပြီး အပြန်အလှန် သွင်းဂိုး များဖြင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ ကာ ချဲလ်ဆီးအသင်းက နောက် ဆုံးမိနစ်တွင် ပယ်လ်မာ၏ သွင်းဂိုးဖြင့် နိုင်ပွဲရရှိခဲ့ခြင်းဖြစ် သည်။ 

ချဲလ်ဆီးအသင်းက ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး ပွဲ ကစားချိန် ၄ မိနစ်တွင် ဂယ်လာ ဟာက အဖွင့်ဂိုးကို သွင်းယူပေး ခဲ့ကာ ၁၉ မိနစ်တွင် ပယ်လ်မာ ၏ ပင်နယ်တီဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သော်လည်း ပွဲချိန်ကြာလာ သည်နှင့်အမျှ ကစားအား        ကျဆင်းခဲ့ကာ မန်ယူအသင်း၏ ထိုးဖောက်မှုကို ခံခဲ့ရသည်။

ပွဲကစားချိန် ၃၄ မိနစ်တွင် ချဲလ်ဆီးအသင်း ခံစစ်ကစား သမား ကိုင်စီဒိုင်၏ လူပေးမှား မှုကတစ်ဆင့် ဂါနာချိုက မန်ယူ အသင်းအတွက် ချေပဂိုးသွင်း ယူပေးခဲ့ပြီး ၃၉ မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်က ဒုတိယ ချေပဂိုးကို သွင်းယူပေးခဲ့ကာ တစ်ဖက်နှစ်ဂိုးစီဖြင့် ပထမပိုင်း ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင်လည်း နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုများ ဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ၆၇ မိနစ်တွင် ဂါနာချိုက မန်ယူ အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ကာ နိုင်ပွဲရရှိရန် နီးစပ်ခဲ့သော်လည်း ၉၈ မိနစ် တွင် ချဲလ်ဆီးအသင်း ပင်နယ် တီရရှိခဲ့ကာ ပယ်လ်မာက ချေပဂိုးကို ပြန်လည်သွင်းယူ ပေးခဲ့ပြီး နောက်ဆုံးမိနစ်တွင် ပယ်လ်မာ၏ ကန်ချက်က တိုမီနေးနှင့်ထိပြီး ဂိုးဝင်ခဲ့ခြင်း ကြောင့် ချဲလ်ဆီးအသင်း အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ် တွင် နိုင်ပွဲရှာဖွေနိုင်ခဲ့ခြင်းဖြစ် သည်။                               







သူရိန်






အခြားဆက်စပ်သတင်းများ