နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မတ်လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုနှင့် နည်းပြဆု ဆန်ခါတင်စာရင်း ထုတ်ပြန်

ဧပြီ  ၅

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လစဉ် ပေးအပ်ချီးမြှင့်သည့် မတ်လအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆု နှင့် နည်းပြဆုတို့အတွက် ဆန်ခါ တင်စာရင်းကို ထုတ်ပြန်ခဲ့ ကြောင်း သိရသည်။ 

မတ်လအတွက် ပရီးမီးယား လိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင် စာရင်းတွင် နယူးကာဆယ် အသင်းမှ အစ်ဆက်ခ်၊ လီဗာပူး အသင်းမှ မက်အယ်လစ္စတာ၊ ဖူလ်ဟမ်အသင်းမှ မူနစ်၊ ချဲလ်ဆီးအသင်းမှ ပယ်လ်မာ၊ ဘုန်းမောက်အသင်းမှ ဆီမီယို၊ စပါးအသင်းမှ ဆွန်ဟောင်မင် နှင့် အာဆင်နယ်အသင်းမှ ဘန်ဝှိုက်တို့ ပါဝင်ခဲ့ပြီး နယူးကာဆယ်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြသနိုင် ခဲ့သည့် အစ်ဆက်ခ်က ထိပ်ဆုံး မှ ရေပန်းစားလျက်ရှိသည်။

ထို့ပြင် မတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး နည်းပြဆု ဆန်ခါ တင်စာရင်းတွင် အာဆင်နယ် အသင်း နည်းပြ အာတီတာ၊ ဘုန်းမောက်အသင်း နည်းပြအီရာ အိုလာ၊ လီဗာပူးအသင်း နည်းပြ ကလော့ပ်နှင့် စပါးအသင်းနည်းပြ  ပိုစတီကိုဂလူတို့ ပါဝင်ခဲ့ပြီး မတ် လအတွင်း ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြ သည့် အာဆင်နယ်အသင်း နည်း ပြ အာတီတာနှင့် လီဗာပူးအသင်း နည်းပြ ကကော့ပ်တို့က  ပူးတွဲ ရေပန်းစားလျက်ရှိကြောင်း သိရ သည်။                               






သူရိန်






အခြားဆက်စပ်သတင်းများ