နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူကစားသမား အဲရစ်ဆင်ကို ခေါ်ယူရန် ဂါလာတာစာရေးအသင်း ကြိုးပမ်း

ဧပြီ ၄

ဂါလာတာစာရေးအသင်း သည် မန်ယူအသင်းက ရောင်းချရန် ပြင်ဆင်နေသည့် ကွင်းလယ်ကစားသမား အဲရစ် ဆင်ကို ခေါ်ယူရန် ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။ 

အသက် ၃၁ နှစ်အရွယ်ရှိ အဲရစ်ဆင်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နွေရာသီ ကစား သမားအပြောင်းအရွှေ့ကာလ က ဘရန့်ဖိုဒ်အသင်းမှ မန်ယူ အသင်းသို့ အလွတ်ပြောင်းရွှေ့ ကစားခဲ့ပြီး ပထမဆုံးဘောလုံး ရာသီတွင် မန်ယူအသင်း ကွင်းလယ်ပိုင်း၌ ကက်စ်မဲရိုး၊ ဖာနန်ဒက်တို့နှင့် အကောင်းဆုံး တွဲဖက်ပြီး ခြေစွမ်းပြသနိုင်ခဲ့ သည်။

သို့သော် ယခုနှစ် ဘောလုံး ရာသီ မန်ယူအသင်း ကွင်းလယ် ပိုင်းတွင် လူငယ်ကစားသမား ကိုဘီမိုင်နူးက အကောင်းဆုံး ခြေစွမ်းပြသနေသည့်အတွက် အဲရစ်ဆင်အနေဖြင့် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ကာ လူစားဝင် ကစားသမားအဖြစ်သာ ပွဲထွက် ခွင့်ရရှိနေသောကြောင့် နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် ၎င်းကိုယ်တိုင်က မန်ယူအသင်းမှ ထွက်ခွာရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

လက်ရှိတွင် ဂါလာတာစာ ရေးအသင်း တာဝန်ရှိသူများက အဲရစ်ဆင်ကို ခေါ်ယူရန်အတွက် ၎င်း၏ ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီး သဘောတူညီမှုရရှိပါက မန်ယူ အသင်းထံ ကမ်းလှမ်းမှုပြုလုပ် သွားမည်ဖြစ်ကြောင်း သိရ သည်။                               





သူရိန်






အခြားဆက်စပ်သတင်းများ