နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီစီဂျိမ်းကို နွေရာသီအပြောင်းအရွှေ့၌ ရောင်းချရန် ချဲလ်ဆီးအသင်း ဆုံးဖြတ်

ဧပြီ  ၄

ချဲလ်ဆီးအသင်းက ဒဏ်ရာ ပြဿနာများနှင့် ရုန်းကန်နေရ သည့် ရီစီဂျိမ်းကို နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလ၌ ရောင်းချရန် ဆုံးဖြတ် ခဲ့ပြီး အရောင်းစာရင်း တင်သွင်း ခဲ့ကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ်ရှိ ရီစီဂျိမ်းသည် ချဲလ်ဆီးအသင်း အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှ စတင်ပြီး အသင်းအတွက် ပါဝင်ကစား ပေးခဲ့ကာ အစောပိုင်းနှစ်များက အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်း ပြသနိုင်ခဲ့သည့်အတွက် ယခုနှစ် ဘောလုံးရာသီ၌ အသင်းခေါင်းဆောင် ရာထူးကို ပင် ရယူထားသူဖြစ်သည်။

ရီစီဂျိမ်းသည် အရည် အသွေးမြင့် ထိပ်တန်းခံစစ် ကစားသမား တစ်ဦးဖြစ်သော် လည်း နောက်ပိုင်းတွင် ဒဏ်ရာ ပြဿနာများနှင့်သာ ရုန်းကန် နေရပြီး ပြီးခဲ့သည့် ဘောလုံး ရာသီကလည်း ဒဏ်ရာပြဿနာ လေးကြိမ် ကြုံခဲ့ရသကဲ့သို့ ယခုနှစ် ဘောလုံးရာသီတွင် လည်း တံကောက်ကြောဒဏ်ရာ ကြောင့် ကာလရှည် အနားယူ နေရသူဖြစ်သည်။

ရီစီဂျိမ်းသည် နောက်ဆုံး ဘောလုံးရာသီ နှစ်ခုတွင် တစ်နှစ်ခန့်ထိ ကာလရှည်အနား ယူနေခဲ့ရသည့်အတွက် ချဲလ်ဆီး အသင်းပိုင်ရှင် တော့ဘိုလီက စိတ်ပျက်လျက်ရှိသော်ကြောင့် လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ၎င်းကို ရောင်းချရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။                 





သူရိန်






အခြားဆက်စပ်သတင်းများ