နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျိုက္ကစံဆံတော်ရှင် စေတီတော်မြတ်ကြီးကို ဧပြီလ ၆ ရက်မှစ၍ ၂၄ နာရီ ပိတ်ထားမည်

ရန်ကုန် ဧပြီ ၇ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက္ကစံဆံတော်ရှင် စေတီတော် မြတ်ကြီးကို ဧပြီ ၆ ရက်မှစ၍ ၂၄ နာရီ ပိတ်ထားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဘုရားဂေါပကအဖွဲ့မှ သိရသည်။ ရန်ကုန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိသူများ စစ်ဆေးတွေ့ရှိလာသဖြင့် အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှုကို တတ်နိုင်သမျှ တားဆီးကာကွယ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဧပြီ ၆ ရက်မှစ၍ ၂၄ နာရီလုံး ပိတ်ထားရန်စီစဉ်ခြင်းဖြစ်ပြီး ဘုရားရင်ပြင်တော်သာမက ဘုရားဝင်းတစ်ခုလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုကို တစ်ဖက်တစ်လမ်းမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် အဆိုပါ ရှေးဟောင်းသမိုင်းဝင် ကျိုက္ကစံဆံတော်ရှင် စေတီတော်မြတ်ကြီးတွင် ဘုရားဖူးချိန်ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ်ထားရာမှ ဧပြီ ၆ ရက်မှစ၍ လုံးဝပိတ်လိုက်ကာ ဘုရားဝင်းတံခါးများအား ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ လာမည့်သင်္ကြန်ပွဲတော်ကာလတွင်လည်း ထိုနည်းတူ ၂၄ နာရီ ပိတ်ထားကာ ဘုရားဝင်းတံခါးများကို ပိတ်ထားမည်ဖြစ်ပြီး သင်္ကြန်ကာလကျော်လွန်မှသာ ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်နိုင်မှု အခြေအနေပေါ်မူတည်၍ ဘုရားဖူးချိန်ကို ပြန်လည်သတ်မှတ်သွားမည်ဖြစ်ကြောင်း ကျိုက္ကစံဆံတော်ရှင် စေတီတော်မြတ်ကြီး ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ