နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခံစစ်ကစားသမား အာနိုးကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်အသင်း ပြင်ဆင်

ဧပြီ ၃

ရီးရဲလ်မက်ဒရစ်အသင်း သည် ခံစစ်ပိုင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် လီဗာပူးအသင်းနှင့် ခံစစ်ကစား သမား အာနိုးတို့၏ စာချုပ် သက်တမ်းတိုးမည့် အခြေအနေ ကို စောင့်ကြည့်နေပြီး ကမ်းလှမ်း မှုပြုလုပ်ရန် ပြင်ဆင်နေ ကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ်ရှိ ခံစစ်ကစားသမား အာနိုးသည် နည်းပြ ကလော့ပ်လက်ထက် တွင် ခြေစွမ်းပိုင်းတိုးတက် လာသည့် ကစားသမားဖြစ်ပြီး နည်းပြ ကလော့ပ်အနေဖြင့် ဘောလုံးရာသီ အကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်သော ကြောင့် အာနိုးက အသင်းနှင့် စာချုပ်သစ်ကိစ္စကို တုံ့ပြန်ခြင်း မရှိဘဲ သက်တမ်းတိုးရန် ကြန့်ကြာနေသဖြင့် ရီးရဲလ်မက် ဒရစ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

လီဗာပူး အသင်းသည် လာမည့် ၂၀၂၅ ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့်  ခံစစ်ကစားသမား အာနိုးအပြင် အဓိက ကစားသမားများဖြစ် သည့် ဗန်ဒိုက်နှင့် ဆာလာတို့ကို သက်တမ်းတိုးရန် ပြင်ဆင်နေ သော်လည်း ကစားသမားများ အနေဖြင့် နည်းပြ ကလော့ပ် ထွက်ခွာသွားပါက အသင်းတွင် ဆက်လက်ရှိနေရန် မသေချာ သဖြင့် ဘောလုံးရာသီကုန်ဆုံးမှ သာ စာချုပ်သစ်ကိစ္စကို ဆွေးနွေးသွားရန် ဆန္ဒရှိနေ ကြောင်း သိရသည်။

လီဗာပူးအသင်း လူငယ် အကယ်ဒမီ ကစားသမား အာနိုးသည် ၂၀၁၆ ခုနှစ်က အသင်းကြီးနှင့် ပွဲထွက်ခွင့် စတင်ရရှိခဲ့ပြီးနောက် အသင်း နှင့်ပြိုင်ပွဲစုံ ၃၀၂ ပွဲ ကစားခဲ့ရာ သွင်းဂိုး ၁၈ ဂိုးနှင့် ဂိုးဖန်တီးမှု ၅၈ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့သည်။

                               





သူရိန်






အခြားဆက်စပ်သတင်းများ