နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာမည့် နွေရာသီတွင် နည်းပြ အယ်လီဂရီနှင့်လမ်းခွဲရန် ဂျူဗင်တပ်အသင်း စီစဉ်

ဧပြီ  ၃

ဂျူဗင်တပ်အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် နည်းပြ အယ်လီဂရီ၏စွမ်းဆောင် ရည်ကို နှစ်သက်မှုမရှိသော ကြောင့် နွေရာသီတွင် လမ်းခွဲ ရန် စီစဉ်နေပြီး ၎င်း၏နေရာတွင်  နည်းပြ မော်တာနှင့် အစားထိုး သွားရန် ပစ်မှတ်ထားလျက်ရှိ သည်။

နည်းပြ အယ်လီဂရီသည် နောက်ဆုံးကစားခဲ့သည့် အမှတ် ပေးပွဲစဉ် ၉ ပွဲတွင် ရမှတ် ခုနှစ် မှတ်သာ စုဆောင်းနိုင်ခဲ့ပြီး ရမှတ် ၅၉ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေသောကြောင့် အဆင့် ၄ မှ ဘိုလော့ဂ်နာအသင်း၊  အဆင့် ၅ မှ ရိုးမားအသင်းတို့နှင့် ရမှတ်ကွာဟမှု ကျဉ်းမြောင်းနေ သဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့် အတွက် ရုန်းကန်ရဖွယ်ရှိနေ သည်။

ဂျူဗင်တပ်အသင်းသည် ယခုနှစ်တွင် ဥရောပပြိုင်ပွဲ ကစား ခွင့်မရခဲ့သဖြင့် ကိုပါအီတလီယား ဖလားနှင့် အမှတ်ပေးပြိုင်ပွဲကို သာ အာရုံစိုက် ကစားခဲ့ရသဖြင့် ကိုပါအီတလီယာဖလားပြိုင်ပွဲ တွင် ဆီမီးဖိုင်နယ်အထိ တက် ရောက်နိုင်ခဲ့သည်။

သို့သော် ဂျူဗင်တပ်အသင်း သည် နောက်ဆုံးကစားခဲ့သည့် အမှတ်ပေးပြိုင်ပွဲ ၉ ပွဲတွင် တစ်ပွဲ နိုင်၊ လေးပွဲသရေ၊ လေးပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့သည့်အတွက် အသင်း တာဝန်ရှိသူများက  နည်းပြ အယ်လီဂရီ၏ စွမ်းဆောင်မှုပိုင်း ကို သံသယဖြစ်လာကာ ၎င်းအနေဖြင့် လာမည့်ပွဲစဉ်များ တွင် ရလဒ်ပိုင်း တိုးတက်လာခြင်း မရှိပါက ဘောလုံးရာသီအကုန် တွင် အသင်းမှ ထုတ်ပယ်ရန် ဆုံးဖြတ်ထားပြီး ဘိုလော့ဂ်နာ အသင်း နည်းပြ မော်တာနှင့် အစားထိုးရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။       





သူရိန်






အခြားဆက်စပ်သတင်းများ