နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က တိုနယ်လီကို လောင်းကစားမှုဖြင့် အရေးယူရန် ထပ်မံစွဲချက်တင်

ဧပြီ ၂

အီတလီ ဘောလုံးအဖွဲ့ချုပ် က လောင်းကစားမှုကြောင့် ၁၀ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ထား သည့် နယူးကာဆယ်ကွင်းလယ် ကစားသမား တိုနယ်လီကို  အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)ကလည်း လောင်း ကစားမှုဖြင့် အရေးယူမှုပြုလုပ် ရန် ထပ်မံစွဲချက်တင်ခဲ့ကြောင်း သိရသည်။

တိုနယ်လီသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက နယူးကာဆယ် အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၅၅ သန်း ဝန်းကျင်ဖြင့် ရောက်ရှိခဲ့ပြီး နောက် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၂ ရက်မှ အောက်တိုဘာ ၁၂ ရက်အတွင်း တရားမဝင် လောင်းကစားပြုလုပ်မှု ၅၅ ခုရှိ ခဲ့သည့်အတွက် အက်ဖ်အေက အရေးယူရန် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား တိုနယ် လီသည် အေစီမီလန်အသင်း တွင် ကစားခဲ့စဉ်က လောင်း ကစားဥပဒေကို ချိုးဖောက် ခဲ့မှုကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်နှင့် အီတလီဘောလုံးအဖွဲ့ ချုပ်တို့က ၁၀ လ ပွဲကစားခွင့် ပိတ်ပင်ခဲ့ပြီး ဒဏ်ငွေ ယူရို ၂၀၀၀၀ ပြစ်ဒဏ်ချမှတ်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။

သို့သော် တိုနယ်လီသည် စစ်ဆေးနေစဉ်ကာလအတွင်း လောင်းကစားမှု ထပ်မံကျူး လွန်ကြောင်း အက်ဖ်အေက ထုတ်ပြန်ခဲ့ပြီး အရေးယူမှု  ထပ်မံပြုလုပ်ရန် စွဲချက်တင်ခံခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။






သူရိန်






အခြားဆက်စပ်သတင်းများ