နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေဗာကူဆင်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်ထိ လက်တွဲရန် နည်းပြ အလွန်ဆို ဆုံးဖြတ်

ဧပြီ  ၂

လေဗာကူဆင်အသင်း နည်းပြ အလွန်ဆိုကို ဥရောပ ထိပ်တန်းအသင်းကြီးများက အပြိုင်ခေါ်ယူရန် ပြင်ဆင် လျက်ရှိသော်လည်း ကမ်းလှမ်း မှုများကို ငြင်းပယ်ခဲ့ပြီး အသင်း တွင် စာချုပ်သက်တမ်း ကုန်ဆုံး ချိန်ထိ လက်တွဲသွားရန်ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။

အသက် ၄၂ နှစ်အရွယ်ရှိ နည်းပြ အလွန်ဆိုသည် လေဗာ ကူဆင်အသင်းကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက စတင် တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး အသင်းကို ပထမဆုံး ဘောလုံး ရာသီတွင်ပင် ယူရိုပါလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင် ခဲ့သည်။

အလားတူ ယခုနှစ် ဘောလုံးရာသီ တွင်လည်း  နည်းပြ အလွန်ဆိုသည် လေဗာ ကူဆင်အသင်းကို ရလဒ် ကောင်းများ ရယူပေးထားပြီး လက်ရှိအချိန်ထိ ပြိုင်ပွဲစုံတစ်ပွဲ မျှ ရှုံးပွဲမရှိသည့်အပြင် အသင်း ကိုလည်း ပထမဆုံးအကြိမ် ဂျာမန်ဘွန်ဒက်စ်လီဂါဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင် ရန် နီးစပ်လျက်ရှိသည်။

လေဗာကူဆင်အသင်းကို အောင်မြင်မှုများရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သည့် နည်းပြ  အလွန်ဆိုကို လက်ရှိတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် လီဗာပူးအသင်းတို့က နည်းပြသစ်  ခန့်အပ်ရန် အပြိုင်ကြိုးပမ်းနေ သော်လည်း နည်းပြ အလွန်ဆိုက လေဗာကူဆင်အသင်းနှင့် စာချုပ် သက်တမ်း ကုန်ဆုံးချိန်ထိ လက်တွဲရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။                         





သူရိန်






အခြားဆက်စပ်သတင်းများ