ရန်ကုန် ဧပြီ ၇ အင်းစိန် GTI Quarantine Center ၌ ဧပြီ ၆ ရက်က Quarantine စောင့်ကြည့်ခံနေရသူ ကျား ၃၉ ဦး၊ မ ၁၃ ဦး စုစုပေါင်း ၅၂ ဦးရှိပြီး ထိုသူများကို ကောင်းမွန်စွာစောင့်ရှောက်ထားကာ ကျန်းမာရေးကောင်းမွန်လျက်ရှိ ကြောင်း သိရသည်။ အင်းစိန်မြို့နယ်ခန်းမ၌ ဖွင့်လှစ်ထားသော ကျန်းမာရေးစစ်ဆေးမှုဌာန Fever Clinic သို့ ဧပြီ ၆ ရက်၊ နံနက် ၁၁ နာရီက လာရောက်ပြသူ ၃၀ ဦးရှိကာ ထိုသူအားလုံးကို အင်းစိန်ဆေးရုံမှ သမားတော်ကြီး ဒေါက်တာ မာမာ ကြည် ကိုယ်တိုင် စစ်ဆေးကုသပေးခဲ့စဉ်။ NWA