နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ရောဂါများဖြစ်ပွားနေသည့်ကာလအတွင်းမှာပင် အာဆီယံဒေသတွင်းနိုင်ငံများမှ မြန်မာနိုင်ငံမှ ဆန်များကိုဝယ်ယူရန် ဆက်တိုက်ကမ်းလှမ်းဆောင်ရွက်နေ

ရန်ကုန်  ဇူလိုင် ၁


Covid-19ရောဂါဖြစ်ပွားနေသည့်ကာလအတွင်းမှာပင်အာဆီယံဒေသတွင်းနိုင်ငံများမှဆန်များကိုဝယ်ယူရန်ဆက်တိုက်ကမ်းလှမ်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ သတင်းများ အရသိရသည်။ လက်ရှိဖြစ်ပေါ်ခံစားနေရသည့် Covid-19 ရောဂါဖြစ်စဉ်ဖြစ်ရပ်များကြောင့် နိုင်ငံတကာတွင် ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်းနေစဉ် လွန်ခဲ့သည့်မေလနောက်ဆုံးပတ်ထဲတွင် အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ မြန်မာနိုင်ငံမှဆန်များကို ဝယ်ယူလိုကြောင်း ကမ်းလှမ်းဆောင်ရွက်လာခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံများသည် မြန်မာနိုင်ငံမှဆန်များကို ရံဖန်ရံခါ   ဝယ် ယူမှုရှိနေသော်လည်းဝယ်သည့်ပမာဏနည်းပါးစွာ ဝယ်ယူနေသည့်နိုင်ငံများဖြစ်သည်။ ယခုဝယ်ယူရန် ကမ်းလှမ်းလာမှုမှာဆန်တန်ချိန်ပမာဏများပြားနိုင်သည်ဟုဆိုသည်။  ဖိလစ်ပိုင်နိုင်ငံတစ်နိုင်ငံတည်းမှပင် ဆန်တန်  ချိန်သုံးသိန်းအထိဝယ်ယူရန်ရှိနေသည်။ အဆိုပါနိုင်ငံများသည် မြန်မာနိုင်ငံမှ ဆန်များကိုဝယ်ယူရန် အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်မှုများရှိနေသကဲ့သို့ ၎င်းတို့နိုင်ငံရှိ မြန်မာနိုင်ငံသံရုံးမှ တစ်ဆင့်ဆက်သွယ်ကမ်းလှမ်း မှုများလည်းရှိသည်။ အဆိုပါ အာဆီယံနိုင်ငံများသို့ဆန်ရောင်းချရာတွင် အစိုးရချင်းချိတ်ဆက်ဆောင် ရွက်ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါဆန်ဝယ်ယူရန်ကမ်းလှမ်းလာမှုများအတွက် မကြာမီရောင်းချပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်သည်။ လက်ရှိတွင်မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ဆန်တင်ပို့ရောင်းချပေးရာတွင် ပြည်တွင်းစားသုံးမှု ထိခိုက်ခြင်းမရှိစေရန်အတွက်  ပြည်ပတင်ပို့မှုကို အကန့်အသတ်ဖြင့်သာခွင့်ပြု ဆောင်ရွက်ပေးနေကြောင်းသိရသည်။


လက်ရှိတွင် မြန်မာနိုင်ငံအနေနှင့်ယခု(၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်တွင်ဆန်နှင့် ဆန်ကွဲများကိုပြည်ပသို့တင်ပို့ရောင်းချပးရာတွင် ၂၀၁၉ ခုနှစ်အောက်တိုဘာလ ၁ ရက်မှ၂၀၂၀ခုနှစ်ဇွန်လ ၁၂ ရက်အထိဖောက် သည်ဈေးကွက်နိုင်ငံ ၆၆ နိုင်ငံသို့အမေရိကန်ဒေါ်လာ ၄၁၃ဒသမ၃၆၉သန်းတန်ဖိုးရှိဆန်တန်ချိန် ၁၃ဒသမ ၁၅၁ တန်နှင့်ဖောက်သည်ဈေးကွက်နိုင်ငံ ၅၇ နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၉၂ဒသမ၅၃၈ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၇ဒသမ၂၉၂ တန်တင်ပို့ရောင်းချပေးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်(၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် တွင်၂၀၁၉ခုနှစ်အောက်တိုဘာလ ၁ ရက်မှ၂၀၂၀ ပြည့်နှစ်ဇွန်လ ၁၂ ရက်အထိ အမေရိကန်ဒေါ်လာ ၆၀၅ ဒသမ၉၀၇ သန်းတန်ဖိုးရှိဆန်နှင့်ဆန်ကွဲတန်ချိန် ၂၀ဒသမ၄၄၄ တန်တင်ပို့ရောင်းချပေးခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် နိုင်ငံတော်၏ အရန်ရိက္ခာအစီအစဉ်အရ ပြည်ပဆန်တင်ပို့နေသည့် ကုမ္ပဏီများမှအရန်ဆန် အပ်နှံမှုများဆောင်ရွက်လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ MITS နှင့်မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဝယ်ယူခြင်း၊ စစ်ဆေးခြင်း၊ လက်ခံခြင်း၊ သိုလှောင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။ အဆိုပါဆောင်ရွက်မှုများအရ ၂၀၂၀ ပြည့်နှစ်ဧပြီလ ၃၀ ရက်နေ့မှဇွန်လ ၁၁ ရက်အထိ သိုလှောင်ရုံ ၉ ရုံတွင်ဆန်တန်ချိန်(၃၄၀ဝ၀)ကျော်ကိုပြည်ပသို့ဆန်တင်ပို့မည့်ကုမ္ပဏီ ၁၂၃ ခုထံမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝယ်ယူလက်ခံထားပြီဖြစ်ကြောင်းသိရ သည်။ 


၃၃၆






အခြားဆက်စပ်သတင်းများ