နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတီဟတ်တွင် မန်စီးတီးနှင့် အာဆင်နယ်အသင်းတို့ သရေတစ်မှတ်စီ ရရှိကြ

ဧပြီ ၁

ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ဖြင့် မန်စီးတီးအသင်းနှင့် အာဆင်နယ်အသင်းတို့ ယမန် နေ့ညပိုင်းက အီတီဟတ်ကွင်း၌ ယှဉ်ပြိုင်ကစားကြရာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်း စလုံးက အမှားအနည်းဆုံးဖြစ် အောင် ကစားခဲ့ကြပြီး ဂိုးကန် သွင်းခွင့်လည်း အနည်းငယ်သာ ဖန်တီးနိုင်ခဲ့ကာ နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ သရေ တစ်မှတ်စီ ရရှိခဲ့ခြင်းဖြစ်သည်။ 

မန်စီးတီးအသင်းက ပွဲစဉ် တစ်လျှောက်လုံး ဘောလုံးပိုင် ဆိုင်မှုအသာဖြင့် ကွင်းတစ်ဝက် ထိ ဖိအားပေးကစားနိုင်ခဲ့သော် လည်း အာဆင်နယ်အသင်း၏ ခံစစ်က အကောင်းဆုံးပုံစံတွင်ရှိ နေခဲ့ခြင်းကြောင့် ကျော်ဖြတ်ရန် ခက်ခဲနေခဲ့ကာ ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှု တစ်ကြိမ် သာ ပြုလုပ်နိုင်ခဲ့သည်။

အာဆင်နယ်အသင်းက တန်ပြန်တိုက်စစ်ကတစ်ဆင့် မန်စီးတီးအသင်းကို ပြန်လည် ဖိအားပေးရန် ကြိုးပမ်းခဲ့ပြီး ဂိုးကန်သွင်းခွင့်အချို့ ဖန်တီးနိုင် ခဲ့သော်လည်း တိုက်စစ်မှူး ဂျေးဇူး ၏ အဆုံးသတ် လိုအပ်ချက်များ ကြောင့် လိုအပ်နေသည့် သွင်းဂိုး ရှာဖွေရန် ခက်ခဲခဲ့သည်။

အာဆင်နယ်အသင်း၏ လူကပ်ကစားပုံ သေသပ်မှု ကြောင့် မန်စီးတီးတိုက်စစ်မှူး ဟာလန်း ခြေစွမ်းပြရန် ရုန်းကန် ခဲ့ရပြီး အခွင့်အရေးနည်းပါးခဲ့ သလို အာဆင်နယ်အသင်း၏ အဆုံးသတ် လိုအပ်ချက်များ ကြောင့် အီတီဟတ်တွင် ဂိုးမရှိ သရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။

အဆိုပါ ရလဒ်ကြောင့် အာဆင်နယ်အသင်းသည် ရမှတ် ၆၅ မှတ်ဖြင့် အဆင့် ၂ နေရာသို့ ဆင်းပေးခဲ့ရပြီး မန်စီးတီးအသင်းက ၆၄ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်ခဲ့ ကာ လီဗာပူးအသင်းက ၆၇ မှတ် ဖြင့် အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်နိုင်ခဲ့သည်။       






သူရိန်






အခြားဆက်စပ်သတင်းများ