နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်ပုဂ္ဂလိကဆေးရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံး

တီဟီရန်၊ ဇူလိုင် ၁


အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့ရှိ ပုဂ္ဂလိကဆေးရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့သည်ဟု အီရန်အရာရှိများက ပြောသည်။ ဆိုင်နာအေသာဆေးရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် လူတော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာမည်ကို စိုးရိမ်ပူပန်နေကြသည်။ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု အီရန်ထိပ်တန်းအရာရှိများက ပြောသည်။ မီးသတ်သမားများက ဆေးရုံမီးလောင်ကျွမ်းမှုကို နာရီတော်တော်ကြာ ငြှိမ်းသတ်ခဲ့ရသည်။


ပြီးခဲ့သည့်အင်္ဂါနေ့က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် သေဆုံးသူအများစုက အမျိုးသမီးများဖြစ်သည်။ ခွဲစိတ်ခန်းအတွင်း ခွဲစိတ်မှုခံယူနေသူများ၊ ယင်းတို့နှင့်အတူ ရှိနေသူများလည်း ပေါက်ကွဲမှုတွင် သေဆုံးခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံအနီးတွင် ပေါက်ကွဲမှုအကြီးအကျယ် ဖြစ်ပွားခဲ့ခြင်းကြောင့် တီဟီရန်တစ်မြို့လုံး တုန်ခါခဲ့သည်။                                                                 


KNT






အခြားဆက်စပ်သတင်းများ