နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစွန်းရောက်မှုများမြင့်တက်နေသည်ဆိုသည့် KSK ကွန်မန်ဒိုတပ်ဖွဲ့၏ တစ်စိတ်တစ်ဒေသကို ဖျက်သိမ်း

ဘာလင်၊ ဇူလိုင် ၁


KSK ကွန်မန်ဒိုတပ်ဖွဲ့တွင် လက်ယာစွန်းရောက်မှုများ ရှိနေသည်ဟု ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီးနောက် ဂျာမနီကာကွယ်ရေးဝန်ကြီးက KSK ကွန်မန်ဒိုတပ်ဖွဲ့ တစ်စိတ်တစ်ဒေသကို ဖျက်သိမ်းရန် ညွှန်ကြားခဲ့သည်။ ပြီးခဲ့သည့်မေလတွင် KSK ကွန်မန်ဒိုတပ်ဖွဲ့ဝင် စစ်သည်တစ်ဦး၏နေအိမ်မှ ဖောက်ခွဲရေးပစ္စည်းများနှင့် လက်နက်များကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်း ဂျာမနီစစ်တပ်ထဲတွင် လက်ယာစွန်းရောက်ဝါဒကို ထောက်ခံအားပေးသည်ဟု သံသယရှိသူ ၆၀၀ နီးပါးရှိခဲ့ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလတွင် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့က ပြောသည်။ KSK ကွန်မန်ဒိုတပ်ဖွဲ့တွင် လက်ယာစွန်း ရောက်ဝါဒရှိနေသည်ဟု သံသယရှိရသူ ၂၀ ဦး ရှိနေရာ အဓိကပြဿနာတစ်ရပ်ဖြစ်နေသည်ဟု ယင်းတို့က ဆိုသည်။ 


KSK မှာ ဘေးဖြစ်စေသည့် ခေါင်းဆောင်မှုပုံစံကြောင့် ဂျာမနီစစ်တပ်၏ ကွပ်ကဲမှုစနစ်မှ တစ်စိတ်တစ်ပိုင်း ကင်းလွတ်သွားခဲ့သည်ဟု ဂျာမနီကာကွယ်ရေးဝန်ကြီး ကာရင်ဘူအာက ပြောသည်။ KSK ကွန်မန်ဒိုတပ်ဖွဲ့၏ တပ်စုလေးစုရှိသည့်အနက် အစွန်းရောက်ဝါဒ အဆိုးရွားဆုံးဖြစ်နေသည်ဆိုသည့် တပ်စုတစ်စုကို ဖျက်သိမ်းပြီး ယင်းနေရာတွင် ပြန်လည်အစားထိုးမည်မဟုတ်ဟု ကာရင်ဘူအာက ဆိုသည်။ KSK ကွန်မန်ဒိုတပ်ဖွဲ့၏ စစ်ဆင်ရေးများကို အခြားအဖွဲ့များနှင့် တတ်နိုင်သမျှ ဝေးဝေးထားမည်ဖြစ်ပြီး နိုင်ငံတကာ လေ့ကျင့်မှုများနှင့် စစ်ဆင်ရေးများတွင် ပါဝင်ခွင့်ပေးမည်မဟုတ်ဟု ဆိုသည်။ ၁၉၉၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် KSK ကွန်မန်ဒို တပ်ဖွဲ့တွင် အကျပ်အတည်း ကြုံရပါက တာဝန်ထမ်းဆောင်နိုင်ရန် လေ့ကျင့်ပေးထားသည့် စစ်သည် ၁၀၀၀ နီးပါး ရှိသည်။                       

 KNT






အခြားဆက်စပ်သတင်းများ