နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နော်တင်ဟမ်အသင်းကို ဒဏ်ငွေ စတာလင်ပေါင် ၇၅,၀၀၀ ပြစ်ဒဏ် ချမှတ်

မတ် ၃၀

ပြီးခဲ့သည့် မတ် ၂ရက် က ကစားခဲ့သည့်နော်တင်ဟမ် အသင်းနှင့် လီဗာပူးအသင်း တို့ပွဲစဉ်တွင် ကစားသမားများ နှင့် နည်းပြအဖွဲ့ဝင်များကို ထိန်း သိမ်းရန် ပျက်ကွက်ခဲ့သည့် နော်တင်ဟမ်အသင်းကိုအက်ဖ် အေက စွဲချက်တင်၍ယခုအခါ တွင် ဒဏ်ငွေ စတာလင်ပေါင် ၇၅,၀၀၀ ပြစ်ဒဏ် ချမှတ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင်နာကျင် အချိန်ပို ၈ မိနစ် ခွင့်ပြုထား သော်လည်း လီဗာပူးတိုက်စစ်မှူး နူနက်ဇ်ကနာကျင်အချိန်ပို ၉ မိနစ်တွင် အနိုင်ဂိုးသွင်း ယူခဲ့သဖြင့် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြီးနောက် ကွင်းလယ်ဒိုင် တီယာနေးက ပွဲသိမ်းခရာမှုတ် ချိန်တွင် နော်တင်ဟမ်အသင်း လက်ထောက်နည်းပြ စတီဗင် ရိဒ်နှင့် ကစားသမားများက ကွင်းလယ်ဒိုင်ကို စောဒကတက် မှုများ ပြုလုပ်ခဲ့ရာ ကွင်းလယ် ဒိုင်က စတီဗင်ရိဒ်ကို အနီကတ် ပြသခဲ့သည်။

ထို့ပြင် ကွင်းလယ်ဒိုင်ကို ညစ်ညမ်းသည့်ပြောဆိုမှုများ ကြောင့် အက်ဖ်အေက စတီဗင် ရိဒ်ကို ဒဏ်ငွေစတာလင် ပေါင် ၅,၀၀၀ နှင့် နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပြီး လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်က နော်တင်ဟမ် အသင်းအနေဖြင့် ကစားသမားများနှင့် နည်းပြ အဖွဲ့များကို ထိန်းသိမ်းရန် ပျက်ကွက်ခဲ့မှုကြောင့် ဒဏ်ငွေ စတာလင်ပေါင် ၇၅,၀၀၀ ပြစ် ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နော်တင်ဟမ်အသင်းသည် ကစားသမားများကို ထိန်းသိမ်း ရန် ပျက်ကွက်ခဲ့မှုကြောင့်လေး ကြိမ်ထိ အက်ဖ်အေ၏ အရေးယူ ခြင်းခံခဲ့ရပြီး လက်ရှိတွင်လည်း ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက် ခဲ့သည့်အတွက် ရမှတ်လေး မှတ်လျှော့ခံခဲ့ရကာ အမှတ်ပေး ဇယား အဆင့် ၁၈ နေရာသို့ ကျ ဆင်းခဲ့သည်။            

     






 သူရိန်






အခြားဆက်စပ်သတင်းများ