နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဲဗာတန် လူငယ်ကစားသမား ဘရန့်ဝိတ်ကို ခေါ်ယူရန် ဥရောပထိပ်သီးအသင်းများ ပြင်ဆင်

မတ် ၃၀

အဲဗာတန်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြသ လျက်ရှိသည့်လူငယ်ခံစစ်ကစား သမား ဘရန့်ဝိတ်ကို ဥရောပ ထိပ်သီး ကလပ်များဖြစ်သည့် ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးနှင့် မန်ယူအသင်းတို့က အပြိုင်ခေါ်ယူ ရန် ပြင်ဆင်နေကြောင်း သိရ သည်။

အသက် ၂၁ နှစ်အရွယ်ရှိ ဘရန့်ဝိတ်သည် အဲဗာတန်အသင်း နှင့် အကောင်းဆုံးခြေစွမ်းပြသ နိုင်ခဲ့ပြီးနောက် နည်းပြ ဆောက် ဂိတ်၏ အင်္ဂလန်အသင်းတွင် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီးအသင်း ကို လူငယ်ကစားသမားများ ဖြင့် ပြန်လည်တည်ဆောက်နေ သည့် ရီးရဲလ်မက်ဒရစ် အသင်း က ခေါ်ယူရန် ပစ်မှတ်ထား နေသကဲ့သို့ ယခုနှစ် ဘောလုံး ရာသီတွင် ခံစစ်ပိုင်းလိုအပ်ချက် များရှိနေသည့်မန်ယူအသင်း ကလည်း ခေါ်ယူရန် ပြင်ဆင် နေကာ နည်းပြ ဂွါဒီယိုလာ၏ မန်စီးတီးအသင်းကပါ စိတ်ဝင် စားနေခြင်းဖြစ်သည်။

လက်ရှိ အဲဗာတန်အသင်း နှင့် ဘရန့်ဝိတ်တို့ စာချုပ်သက် တမ်းမှာ ၂၀၂၇ ခုနှစ်၊ ဇွန်လ မှသာ ကုန်ဆုံးမည်ဖြစ်သည့် အတွက် ၎င်း၏ ဈေးကွက်တန် ကြေးမှာ ယူရိုသန်း ၃၀ ခန့်ရှိ သည်။

အဲဗာတန်အသင်းကဘရန့် ဝိတ်ကို လက်မလွှတ်လို သော် လည်း အသင်းအနေဖြင့်ဘဏ္ဍာ ရေးအကျပ်အတည်းနှင့် ကြုံ တွေ့နေရသကဲ့သို့ ရာသီအကုန် တွင် တန်းဆင်းရမည်ဆိုပါက ၎င်းတို့၏ ကစားသမားကိုရောင်းချ  သွား ဖွယ်ရှိနေကြောင်း သိရ သည်။






သူရိန်






အခြားဆက်စပ်သတင်းများ