နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရို ၂၀၂၄ ပြိုင်ပွဲ မစတင်မီ ပြောင်းရွှေ့မည့်အသင်းကို အတည်ပြုမည်ဟု အမ်ဘတ်ပီ ပြော

မတ် ၂၈

ပီအက်စ်ဂျီအသင်းတိုက်စစ် မှူး အမ်ဘတ်ပီကယူရို၂၀၂၄ ပြိုင်ပွဲမစတင်မီ၎င်း၏အနာဂတ် ကို ဆုံးဖြတ်သွား မည်ဖြစ်ပြီး ပြောင်းရွှေ့ကစားမည့် အသင်း ကို အတည်ပြုသွားမည် ဖြစ် ကြောင်း ပြောကြားခဲ့သည်။

အမ်ဘတ်ပီသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မိုနာကိုအသင်းမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်း ရွှေ့ကစားခဲ့ပြီးနောက် ဘောလုံး ရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ကာ လက်ရှိ ဘောလုံးလောကတွင်လည်း အကောင်းဆုံး တိုက်စစ်ကစား သမားများမှ တစ်ဦးအဖြစ် ရပ် တည်နေသူဖြစ်သည်။

အမ်ဘတ်ပီနှင့် ပီအက်စ်ဂျီ အသင်းတို့ စာချုပ်သက်တမ်းမှာ ယခုနှစ် ဘောလုံးရာသီအကုန် တွင် ကုန်ဆုံးမည်ဖြစ်ပြီး ပီအက်စ်ဂျီအသင်းက သက်တမ်း တိုးစာချုပ် ချုပ်ဆိုရန်အကြိမ် ကြိမ် ကမ်းလှမ်းခဲ့သော်လည်း အမ်ဘတ်ပီကိုယ်တိုင်က ယခု နှစ် ဘောလုံးရာသီ အကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှ ထွက်ခွာရန်အတွက် ဆုံးဖြတ်ထားခြင်းဖြစ်သည်။

“ယူရိုပြိုင်ပွဲမတိုင်မီ ကျွန်တော့် အနာဂတ်ကိုဆုံး ဖြတ် သွားပါမယ်။လက်ရှိ အချိန် မှာတော့ အတည်ပြုဖို့ စောပါ သေးတယ်။ ဘယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတာ ယူရိုပြိုင်ပွဲ မတိုင်မီ အတည်ပြုသွားမှာပါ” ဟု အမ်ဘတ်ပီက ပြောကြားခဲ့ သည်။






သူရိန်






အခြားဆက်စပ်သတင်းများ