နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူး ခံစစ်ကစားသမား အာနိုးလ်ကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်အသင်း ပြင်ဆင်

မတ် ၂၈

ရီးရဲလ်မက်ဒရစ်အသင်းက လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလ၌ညာ တောင်ပံ ခံစစ်ကစားသမား ကာဗာဂျယ်၏ နေရာတွင်အစား ထိုးနိုင်ရန် လီဗာပူးအသင်းမှ အာနိုးလ်ကို ခေါ်ယူရန် ပြင်ဆင် လျက်ရှိကြောင်း သိရသည်။

ရီးရဲလ်မက်ဒရစ်အသင်းက အသင်းကို ထိပ်တန်းလူငယ် ကစားသမားများဖြင့် ဖွဲ့စည်း ရန် ကြိုးပမ်းနေပြီး ခံစစ်ပိုင်း အတွက် လာမည့် နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလတွင် အသင်းဘယ် တောင်ပံ ခံစစ်နေရာ အတွက် ဘိုင်ယန်မြူးနစ်အသင်းမှအယ် ဖွန်ဆိုဒေးဗစ်ကိုခေါ်ယူရန်ပြင် ဆင်နေသကဲ့သို့ ညာတောင်ပံခံ စစ်နေရာအတွက်လည်းအာနိုးလ် ကိုပါ ပစ်မှတ်ထားနေခြင်းဖြစ် သည်။

အသက် ၂၅ နှစ်အရွယ်ရှိ အာနိုးလ်သည် လီဗာပူးအသင်း အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပြီး ကမ္ဘာ့အကောင်း ဆုံး ညာတောင်ပံ ခံစစ်ကစား သမားများမှ တစ်ဦးအပါအဝင် ရပ်တည်နေသူဖြစ်ကာ အသင်း နှင့် စာချုပ်သက်တမ်းမှာလည်း တစ်နှစ်သာကျန်ရှိတော့သည့် အတွက် ရီးရဲလ်မက်ဒရစ် အသင်းကလာမည့် နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလ၌ ခေါ်ယူရန် ပြင်ဆင်နေ ခြင်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ် အသင်း အနေဖြင့် အာနိုးလ်ကို ခေါ်ယူ မည်ဆိုပါကအနည်းဆုံးပြောင်း ရွှေ့ကြေး စတာလင်ပေါင်သန်း ၇၀ အထိ ပေးချေရဖွယ်ရှိကြောင်း သိရသည်။






သူရိန်






အခြားဆက်စပ်သတင်းများ