နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နော်တင်ဟမ်အသင်းက ရမှတ်လျှော့ ပြစ်ဒဏ်အတွက် အယူခံတင်သွင်း

မတ် ၂၇

နော်တင်ဟမ်အသင်းသည် ပရီးမီးယားလိဂ်က ချမှတ်ထား သည့် ဘဏ္ဍာရေးစည်းမျဉ်း ချိုး ဖောက်ခဲ့မှုကြောင့် ရမှတ်လေး မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံရ သဖြင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ် သို့ ပြစ်ဒဏ်လျှော့ပေါ့စေရန် အတွက် အယူခံတင်သွင်းခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။

နော်တင်ဟမ်အသင်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်က ရမှတ်လေးမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံပြီးနောက် အသင်း အနေဖြင့် အမှတ်ပေးဇယား အဆင့် ၁၇ သို့ ကျဆင်းခဲ့ပြီး အဆင့် ၁၈ မှ လူတန်အသင်းနှင့် ရမှတ်တစ်မှတ်သာ ကွာဟ‌ တော့ပြီး အမှတ်ပေးပြိုင်ပွဲ ပြီး ဆုံးရန် ကိုးပွဲအလိုတွင် တန်း ဆင်းရမည့် အရေးနှင့် ကြုံတွေ့ နေရခြင်းဖြစ်သည်။

နော်တင်ဟမ်အသင်းသည် ပြီးခဲ့သည့် သုံးနှစ်တာ ကာလ အတွင်း ပရီးမီးယားလိဂ်က ချမှတ်ထားသည့် ဘဏ္ဍာရေး စည်းမျဉ်းထက်ကျော်လွန်၍ စတာ လင်ပေါင်၅သန်းထိကျော် လွန် သုံးစွဲခဲ့မှုကြောင့် ခြောက် မှတ်လျှော့ပြစ်ဒဏ်ကျခံရနိုင် သော်လည်း လွတ်လပ်သည့် စုံစမ်းစစ် ဆေးရေးကော်မရှင်က နော်တင် ဟမ်အသင်းအနေဖြင့် ကောင်းမွန်သည့် ပူးပေါင်းပါဝင် မှုများရှိခဲ့သဖြင့် လေးမှတ် လျှော့ ပြစ်ဒဏ်သာချမှတ်ခဲ့ကြောင်း ‌ပြောကြားခဲ့သည်။






သူရိန်






အခြားဆက်စပ်သတင်းများ