မတ် ၂၇
ဘာစီလိုနာအသင်းက အပြီး သတ်ခေါ်ယူရန်ကြန့်ကြာနေ သည့် မန်စီးတီးအသင်း ခံစစ် ကစားသမား ကန်ဆယ်လိုကို အာဆင်နယ်အသင်းက ကြား ဖြတ်ခေါ်ယူနိုင်ရန် ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ကန်ဆယ်လို သည် ဘာစီလိုနာအသင်းတွင် အငှားစာချုပ်ဖြင့် ကစားနေသူ ဖြစ်ပြီး ဘာစီလိုနာအသင်းအနေ ဖြင့် အပြီးသတ်ခေါ်ယူရန် ဆန္ဒရှိ နေသော်လည်း မန်စီးတီးအသင်း က ပြောင်းရွှေ့ကြေး စတာလင် ပေါင် သန်း ၄၀ ထိ တောင်းဆို ထားသဖြင့် ဘဏ္ဍာရေး အခက် အခဲရှိနေသောကြောင့် ကစား သမားကို ခေါ်ယူရန် အခက်အခဲ ရှိနေချိန်တွင် အာဆင်နယ် အသင်းက ကြားဖြတ်ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အသက် ၂၉ နှစ်အရွယ်ရှိ ကန်ဆယ်လိုသည် မန်စီးတီး အသင်းနှင့် လာမည့် ၂၀၂၇ ခုနှစ် မှ စာချုပ်သက်တမ်း ကုန်ဆုံး မည်ဖြစ်သော်လည်း နည်းပြ ဂွာ ဒီယိုလာနှင့် ဆက်ဆံရေးအဆင် မပြေမှုများကြောင့် မန်စီးတီး အသင်းနှင့် ပြန်လည်ပူးပေါင်း ရန် ဆန္ဒမရှိတော့ဘဲ အသင်း ပြောင်းရွှေ့ရန်သာ ဆုံးဖြတ်ထား ပြီး ဘာစီလိုနာအသင်းက အပြီး သတ်ခေါ်ယူနိုင်ခြင်းမရှိပါက နည်းပြအာတီတာက လက် ထောက်နည်းပြဘဝတွင် လက် တွဲခဲ့ဖူးသည့် ကန်ဆယ်လိုကို အာဆင်နယ်အသင်းသို့ ခေါ်ယူ ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
သူရိန်