နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကူးတို့တစ်စင်းတိမ်းမှောက်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၃၂ ဦး သေဆုံး

ဇွန် ၃၀  ဒါကာ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမြို့အနီးတွင် ကူးတို့တစ်စင်း တိမ်းမှောက်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၃၂ ဦး သေဆုံးခဲ့ပြီး လူအများအပြား ပျောက်ဆုံးနေသည်။ Morning Bird ကူးတို့သင်္ဘောမှာ ဘူရီဂင်္ဂါမြစ်ထဲတွင် အခြားသင်္ဘောတစ်စင်းနှင့်တိုက်မိပြီး တိမ်းမှောက်သွားခဲ့ခြင်းဟု ကယ်ဆယ်ရေးအရာရှိများက ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးမြစ်ဆိပ်ဖြစ်သည့် ဆာဒါဂါတီမြစ်ဆိပ်နားတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့သည်။ ကူးတို့သင်္ဘောပေါ်တွင် လူ ၅၀ ကျော်လိုက်ပါလာခဲ့သည်ဟု ဆိုသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူအပြည့်အသိပ် တင်ဆောင်ခြင်းကြောင့် ကူးတို့မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သင်္ဘောကျင်းများတွင် ဘေးကင်းလုံခြုံရေးစံနှုန်းများ လျော့ရဲပြီး ရာသီဥတု ဆိုးရွားသည့်အခါ ကူးတို့များ မကြာခဏ နစ်မြုပ်လေ့ရှိသည်။ အခင်းဖြစ်ပွားရာနေရာတွင် ရိုက်ကူးထားသည့် ဓာတ်ပုံများအရ တိမ်းမှောက်သွားသည့် ကူးတို့သင်္ဘောပေါ်တွင် ရုပ်အလောင်းများကို အိတ်အဖြူများနှင့် သယ်ဆောင်လာကြောင်း တွေ့ရသည်။                                                             

 (KNT)






အခြားဆက်စပ်သတင်းများ