နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေမြေနှင့်သစ်တောသယံဇာတအရေးပါ

ရေသည်သစ်တောများ ဖုံးလွှမ်းသည့်တောတောင်များမှသည် ပင်လယ်သမုဒ္ဒရာအထိ စီးဆင်းနေသဖြင့် ရေဝေရေလဲဒေသသည် အလွန်ကျယ်ပြန့်သည်၊ လူသားတို့ဖန်တီးတည်ဆောက်ကြသည့် ဆည်၊ တမံတို့၏ အသက်သွေးကြောသည် ရေအရင်းအမြစ်များ ရေ ရှည် တည်တံ့ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည့်အတွက် ရေ‌ေရေလဲဒေသနှင့် ရေဦးရေဖျားဒေသရှိ သစ်တောသယံဇာတ အရင်းအမြစ်များအား   ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည်။

 မြန်မာနိုင်ငံသည် မြစ်ချောင်းအင်းအိုင်ပေါများပြီး ငါးနှင့် ရေသယံဇာတပိုင်ဆိုင်မှု ကမ္ဘာ့အဆင့် ၁၄ တွင်ရှိသည်။ မိမိတို့နိုင်ငံသည် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းအပါအဝင် မြစ်ချောင်းအင်းအိုင်၊ သဘာဝရေထွက်များစသည်ဖြင့် ရေချိုအရင်းမြစ်များစွာကို ပိုင်ဆိုင် ထားရာ  တစ်ကမ္ဘာလုံးရှိ ရေချိုအားလုံး၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိ သည်။ နိုင်ငံ့လူဦးရေနှင့်နိုင်ငံအရွယ်အစားနှိုင်းယှဉ်ပါက ရေချိုပေါ များသည့် နိုင်ငံဟုဆိုနိုင်သည်။ သို့ရာတွင် နေရာဒေသကိုလိုက်၍ သောက်သုံးရေမလုံလောက်သည့် ပြဿနာများရှိနေသည်ကို တွေ့ရ သည်။

သစ်တောဖုံးလွှမ်းမှုကောင်းမွန်သောနေရာများ၌ မြေတိုက်စားမှု အနည်းငယ်သာရှိနိုင်သော်လည်း သစ်တောပြုန်းတီးသည့် မြေနေရာ များတွင်  မြေတိုက်စားမှုပြဿနာဆိုးရွားစွာ ကြုံတွေ့ကြရသည်။ မြေအသုံးချမှုစနစ်လွဲမှားမှုကြောင့် ရေထုညစ်ညမ်းခြင်း၊ သန့်ရှင်း သောရေ ရှားပါးလာခြင်း၊ ရေထွက်များခန်းခြောက်လာခြင်း၊ ရေ လှောင်ကန်များ၌ သဲနုန်းပို့ချခြင်း၊ တိမ်ကောလာခြင်း၊ မြေအောက် ရေများ ဆုတ်ယုတ်လာခြင်းစသည်တို့ကြုံတွေ့လာကြရသည်။

ပင်လယ်ရေမြင့်တက်မှုအပါအဝင် ရာသီဥတုနှင့်ဆက်စပ်လျက် ရှိသည့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေရန်အတွက် ရာသီ ဥတုပြောင်းလဲမှုကို လျှော့ချရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ရေမူဝါဒများနှင့်ဥပဒေများ ဖော်ဆောင်ချမှတ်ပြီး စိုက်ပျိုးရေးကဏ္ဍ အတွက် ရေတိုးမြှင့်ရရှိရေး၊ စွမ်းအင်ကဏ္ဍအတွက် ရေအားလျှပ်စစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ အိမ်သုံးရေတိုးမြှင့်ပေးဝေနိုင်ရေး၊ စက်မှု လုပ်ငန်းသုံးရေ ပိုမိုပေးဝေနိုင်ရေးတို့အတွက် ဘက်စုံရေစီမံခန့်ခွဲမှု နည်းလမ်းများဖြင့် ရေအရင်းမြစ်များကို ထိရောက်စွာစီမံခန့်ခွဲနိုင် ရေး ကြိုးစားဆောင်ရွက်လျက်ရှိသည်။

 ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) ကို မတ် ၂၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  တက်ရောက်မှာကြားရာတွင် " ပူပြင်းခြောက်သွေ့ သည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်သည့်အပြင် အယ်နီညိုဖြစ်စဉ် ကြောင့် ပိုမိုပူပြင်းလာပြီး ရေအခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း၊ ရှေရှားပါးသည့်ဒေသများတွင် ရေပြတ်လပ်မှုမရှိစေရေးနှင့်စိုက်ပျိုး ရေများလုံလောက်စွာရရှိစေရေး တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနနှင့်တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များအနေဖြင့်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း" ထည့်သွင်းပြောကြားခဲ့သည်။သို့ဖြစ်ရာ ရေကိုရွှေလိုတန်ဖိုးထားရန်နှင့် မြေအောက်ရေကို အကျိုးရှိစွာသုံးစွဲရန်နှင့် မဖြုန်းတီးရန်လိုအပ်ကြောင်း တိုက်တွန်း နှိုးဆော်ရပါကြောင်း။     






အခြားဆက်စပ်သတင်းများ