နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကပ်ရောဂါ ဖြစ်လာနိုင်သည့် တုပ်ကွေးရောဂါသစ်ကို တရုတ်နိုင်ငံတွင် တွေ့ရှိ

ဇွန် ၃၀  ဘေဂျင်း


ကပ်ရောဂါဖြစ်လာနိုင်သည့် တုပ်ကွေးရောဂါသစ်တစ်မျိုးကို တရုတ်နိုင်ငံတွင် တွေ့ရှိခဲ့ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။ မကြာသေးမီက ပေါ်ပေါက်ခဲ့သည့် အဆိုပါတုပ်ကွေးရောဂါသစ်ကို ဝက်များတွင် တွေ့ရပြီး လူများကိုလည်း ကူးစက်နိုင်သည်ဟု သိပ္ပံပညာရှင်များက ပြောသည်။ တုပ်ကွေးရောဂါသစ်က မျိုးဗီဇပြောင်းလဲမှုဖြစ်ပြီး လူတစ်ယောက်နှင့် တစ်ယောက် အလွယ်တကူ ကူးစက်သွားပါက ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်ကို သုတေသီများက စိုးရိမ်နေကြသည်။ တုပ်ကွေးရောဂါသစ်မှာ ယခုချက်ချင်း ရင်ဆိုင်ရမည့် ပြဿနာမဟုတ်သော်လည်း တုပ်ကွေးရောဂါသစ်မှာ လူများကို ကူးစက်နိုင်စေမည့် မျိုးဗီဇအဖြစ် အသွင်ကူးပြောင်းဖို့ လိုအပ်ချက်အားလုံး ရှိနေသည်ဟု ဆိုသည်။


အဆိုပါတုပ်ကွေးရောဂါမှာ မျိုးကွဲသစ်ဖြစ်ခြင်းကြောင့် လူများအနေဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ကင်းလွတ်ရန် မရှိသလောက် နည်းသည်။ ဝက်များကြားတွင် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန်နှင့် ဝက်သတ်ရုံတွင် အလုပ်လုပ်သည့် အလုပ်သမားအားလုံးကို အနီးကပ်စောင့်ကြည့်နိုင်ရန်အတွက် စည်းမျဉ်းများကို အမြန်ဆုံးပြဋ္ဌာန်းသင့်သည်ဟု သိပ္ပံပညာရှင်များက Proceedings of the National Academy of Sciences စာစောင်တွင် ရေးသားဖော်ပြခဲ့သည်။ တုပ်ကွေးရောဂါသစ်မှာ ကျန်းမာရေးပညာရှင်များ စောင့်ကြည့်နေကြသည့် အဆိုးရွားဆုံး ရောဂါခြိမ်းခြောက်မှုများတွင် တစ်ခုအပါအဝင် ဖြစ်သည်။


သိပ္ပံပညာရှင်များက အဆိုပါဗိုင်းရပ်စ်ကို G4 EA H1N1 ဟု ခေါ်သည်။ အဆိုပါဗိုင်းရပ်စ်မှာ လူသားများ၏ အသက်ရှူလမ်းကြောင်းတစ်လျှောက်ရှိ ဆဲလ်များအတွင်း ကြီးထွား ပွားများလာနိုင်သည်။ တရုတ်နိုင်ငံ ၏ သားသတ်ရုံများနှင့် ဝက်သတ်ရုံများတွင် အလုပ်လုပ်နေသူများ ရောဂါကူးစက်ခံရသည့် အထောက်အထားများကို မကြာမီက တွေ့ရှိခဲ့သည်။                                                                                             

 (KNT)






အခြားဆက်စပ်သတင်းများ