နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူဝီစီယားနားပြည်နယ်၏ ကိုယ်ဝန်ဖျက်ချမှု ကန့်သတ်သည့် ဥပဒေကို အထက်တရားရုံးချုပ် ပယ်ဖျက်

ဇွန် ၃၀   


လူဝီစီယားနားပြည်နယ်တွင် ကိုယ်ဝန်ဖျက်ချမှုများကို ကန့်သတ်သည့် ဥပဒေမှာ အခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း အမေရိကန်နိုင်ငံ အထက်တရားရုံးချုပ်က ဆုံးဖြတ်ခဲ့သည်။ ကိုယ်ဝန်ဖျက်ချပေးသည့် ဆရာဝန်များမှာ လူနာများကို ဒေသခံဆေးရုံသို့ တင်ပို့ခွင့်ရှိသူဖြစ်ရမည်ဆိုသည့်ဥပဒေမှာ အမျိုးသမီး များအတွက် မတန်တဆ ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်ဟု တရားသူကြီးများက ပြောသည်။ 


အဆိုပါဥပဒေကို ပယ်ဖျက်ရန်အတွက် အထက်တရားရုံးချုပ်တွင် ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၅ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့် ထောက်ခံသည့်ဘက်က အနိုင်ရခဲ့သည်။ အထက်တရားရုံးချုပ်မှာ ၂၀၁၆ ခုနှစ်ကလည်း တက္ကဆက်ပြည်နယ်တွင် အလားတူမူဝါဒမျိုးကို ပယ်ဖျက်စေခဲ့သည်ဟု ဆိုသည်။ သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် အထက်တရားရုံးချုပ်က ကိုယ်ဝန်ဖျက်ချမှုနှင့်ပတ်သက်၍ ကြီးမားသည့်အမှုတစ်ခုကို ပထမဆုံးအကြိမ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။  (KNT)






အခြားဆက်စပ်သတင်းများ