နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာနာဒီဆေးလ်ဗားကို ခေါ်ယူရန် ပီအက်စ်ဂျီနှင့် ဘာစီလိုနာအသင်းတို့ ထပ်မံကြိုးပမ်း

မတ်  ၂၅

ပီအက်စ်ဂျီအသင်းနှင့် ဘာ စီလိုနာအသင်းတို့သည် မန်စီး တီးအသင်း ကွင်းလယ်ပိုးတွင် ခြေစွမ်းပြသနေသည့် ဘာနာဒို ဆေးလ်ဗားကို လာမည့်နွေရာ သီတွင် ခေါ်ယူနိုင်ရန် ထပ်မံ ကြိုးပမ်းနေကြောင်း သိရသည်။

လက်ရှိတွင် မန်စီးတီးအသင်း အနေဖြင့် ဘာနာဒိုဆေးလ်ဗား နှင့် စာချုပ်သက်တမ်းနှစ်နှစ် ကျော်ကျန်ရှိနေသော်လည်း လာမည့် နွေရာသီတွင် ၎င်းကို ရောင်းချရန် စီစဉ်နေသော ကြောင့် ကာလရှင် စိတ်ဝင်စား နေသည့် ပီအက်စ်ဂျီအသင်းနှင့် ဘာစီလိုနာအသင်းတို့က ခေါ် ယူရန် ထပ်မံကြိုးပမ်းခဲ့ခြင်းဖြစ် သည်။

ထို့ပြင် နည်းပြ ဂွာဒီယိုလာ ကလည်း လာမည့် ဇူလိုင် ၁ ရက် အပြောင်းအရွှေ့ဈေးကွက် စတင်ချိန်တွင် အသင်းကွင်း လယ် ပိုင်းကို ထပ်မံဖြည့်တင်းရန် ဆုံးဖြတ်ထားပြီး ဝက်စ်ဟမ်း အသင်းနှင့်အတူ ခြေစွမ်းပြသ နေသည့် ပက်ကွီတာကို အသင်း မှ ထွက်ခွာရန် ဆန္ဒရှိနေသည့် ဘာနာဒိုဆေးလ်ဗား နေရာတွင် အစားထိုးရန် စီစဉ်လျက်ရှိ သည်။

ပီအက်စ်ဂျီအသင်းနှင့် ဘာ စီလိုနာအသင်းတို့သည် ဘာနာ ဒိုဆေးလ်ဗားကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လကတည်း က ခေါ်ယူရန် ကြိုးပမ်းခဲ့သော် လည်း ကစားသမားကိုယ်တိုင် က ငြင်းဆိုခဲ့ပြီး မန်စီးတီး အသင်းနှင့်သာ ၂၀၂၆ခုနှစ်အထိ သက်တမ်းတိုးခဲ့သဖြင့် လက်လျှော့ ခဲ့ရကာ ယခုအခါတွင် ဘာနာဒို ဆေးလ်ဗားအနေဖြင့် အသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေသော ကြောင့် ပီအက်စ်ဂျီအသင်းနှင့် ဘာစီလိုနာအသင်းတို့ကအပြိုင်  ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။                           





သူရိန်






အခြားဆက်စပ်သတင်းများ