နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်

နွေဦးကာလတပေါင်းတန်ခူးအချိန်ကာလဖြစ်သော်လည်း ယခု နွေဦးသည် ပူးပြင်းလှသည်ဟုဆိုကြသည်။ နွေဦးကာလပင်ရှိသေး၍ အပူဒဏ်ကိုကာကွယ်နိုင်ရန် အထူးသတိပြုဆင်ခြင်ကြရမည်ဖြစ် သည်။

အပူချိန်လွန်ကဲမှုကာလတွင် အထူးသတိပြုရမည်မှာ နေရောင် ခြည်အပူချိန်နှင့်တွဲလျက် ခရမ်းလွန်ရောင်ခြည်လွန်ကဲနေမှုကို သတိ ထားရမည်ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်သည်လိုသည်ထက် ပိုများလျှင် လူတို့၏ကျန်းမာရေးကို ထိခိုက်နိုင်သဖြင့် သတိပြုရခြင်း ဖြစ်သည်။

 နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဆုံးရှုံးမှုများ ပိုမိုများပြားလာ သည်။ အထူးသဖြင့် နေ့စဉ်အပူချိန်အပြင်းဆုံးဖြစ်သည့် မွန်းတည့် ချိန်တွင် သတိထားရမည်ဖြစ်သည်။ အပြင်ထွက်လျှင် အကာအကွယ် အရိပ်ရှာသွားကြရန်နှင့် အကာအကွယ်မပါဘဲ နေပူထဲသို့မထွက်ကြ ရန် လိုအပ်သည်။

 ခရမ်းလွန်ရောင်ခြည်သည် လူကိုအကျိုးပြုစေသည့် ဗီတာမင်ဒီ ဓာတ်ပါဝင်သော်လည်း အပူလွန်ကဲစွာဖြစ်ပေါ်ပါက အန္တရာယ်ဖြစ် စေသည်။ အဓိကအားဖြင့် အရေပြားကင်ဆာရောဂါကဲ့သို့ အရေးပြား လောင်ခြင်း၊ ခြောက်သွေ့အိုမင်းအရွယ်ကျခြင်း၊ ချွေးထွက်လွန်၍ အားအင်ကုန်ခန်းခြင်း၊ မျက်စိတိမ်စွဲခြင်း၊ သားသမီးမရနိုင်ခြင်းတို့ ဖြစ်စေပြီး သက်ကြီးရွယ်အိုးများနှင့်သွေးတိုး၊ နှလုံးရောဂါရှိသူများ သတိထားရမည်ဖြစ်သည်။

ခရမ်းလွန်ရောင်ခြည်မှကာကွယ်ရန်အတွက် ထီး၊ ဦးထုပ်ဆောင်း ခြင်း၊နေ့လယ်ခင်း ရေမချိုခြင်း၊ အရက်သေစာမသောက်စားခြင်း၊ အဝတ်အစားလက်ရှည်၊ နေရောင်ကာမျက်မှန်တို့ကို အသုံးပြုခြင်းတို့ ဖြစ်သည်။

နွေရာသီအပူဒဏ်ကြောင့် လူအများချွေးထွက်လွန်ခြင်း၊ ဆား ဓာတ်ရေဓာတ်လျော့နည်းခြင်း၊ ကြွက်တက်ခြင်း၊ မောပန်းလွယ်ခြင်း၊ ချွေးခြောက်ပြီး၊ ကိုယ်အပူချိန်တက်ခြင်း၊ အရေးပြားလောင်ခြင်း စသည့်ရောဂါများဖြစ်ပွားတတ်သည်။

ဆီးချိုရောဂါ၊ နှလုံးရောဂါရှိသူများ အရက်အလွန်အကျွံသောက် သုံးသူများ၊ ကလေးငယ်များနှင့်သက်ကြီးဘိုးဘွားများ ခရမ်းလွန် ရောင်ခြည်အန္တရာယ်ကို  ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုပြုဆင်ခြင် ရန်လိုအပ်သည်။

ထို့ကြောင့် အပူဒဏ်ကာကွယ်ရန်အတွက် မိမိတို့၏ ကျန်းမာရေး ကို မိမိတို့ကိုယ်တိုင်စောင့်ရှောက်နိုင်ရန် သတိပြုဆင်ခြင်စေချင် ကြောင်း။     






အခြားဆက်စပ်သတင်းများ