နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုးသမား ကော့တွိုက် ဒူးဒဏ်ရာထပ်မံရရှိခဲ့သဖြင့် ဘောလုံးရာသီကုန်ထိ အနားယူရမည်

မတ်  ၂၄

ရီးရဲလ်မက်ဒရစ်အသင်း ဂိုးသမား ကော့တွိုက်သည် ဒူးအရွတ်ထိခိုက်သည့်ဒဏ်ရာ မှ ပြန်လည်သက်သာလာ သော်လည်း အသင်းနှင့်ပြုလုပ် ခဲ့သည့် လေ့ကျင့်ရေး အစီအစဉ် တွင် ဒူးဒဏ်ရာ ထပ်မံရရှိခဲ့သည့် အတွက် ဘောလုံးရာသီကုန်ထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။

ကော့တွိုက်သည် ပြီးခဲ့သည့် နှစ် ဩဂုတ်လကရရှိခဲ့သည့် ဒူး အရွတ် ထိခိုက်ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရပြီး ယခုအခါ ဒဏ်ရာမှပြန်လည် သက်သာလာသဖြင့် နိုင်ငံတကာ ပြိုင်ပွဲကာလအပြီးတွင် အသင်း နှင့်ပူးပေါင်းနိုင်ရန် သေချာနေ သော်လည်း ပြီးခဲ့သည့် ရက်ပိုင်း က ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေး အစီအစဉ်တွင် ဒူးဒဏ်ရာ ထပ်မံရရှိခဲ့ရာ ဘောလုံးရာသီ ကုန်ထိ အနားယူရမည်ဖြစ် ကြောင်း အသင်းတာဝန်ရှိသူများ က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်အသင်းက ကော့တွိုက်၏  ဒဏ်ရာကို လိုအပ်သည့် စကန်ဖတ်စစ်ဆေး မှုများ ပြုလုပ်ခဲ့ရာ ယခင်ဒူး အရွတ်ဒဏ်ရာက နာကျင်ခဲ့ခြင်း မဟုတ်ဘဲ ဒဏ်ရာအသစ် ထပ်မံရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းအနေ ဖြင့် အနည်းဆုံးရက်သတ္တ ခြောက်ပတ်ကျော် အနားယူရ မည်ဖြစ်သောကြောင့် လာမည့် နှစ် ရာသီအကြိုပွဲစဉ်များ ကစား ချိန်မှသာ ပြန်လည်ပူးပေါင်းနိုင် မည်ဖြစ်ကြောင်း အသင်းတာဝန် ရှိသူများက ပြောခဲ့သည်။






သူရိန်






အခြားဆက်စပ်သတင်းများ