နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်အသင်းက လူငယ်ကစားသမား အန်ဝါနရီကို သက်တမ်းတိုးရန် ပြင်ဆင်

မတ်  ၂၄

အာဆင်နယ်အသင်းသည် ယူ-၁၉ အသင်းတွင် ပါဝင် ကစားနေသည့် အသက် ၁၇ နှစ် အရွယ်ရှိ ကွင်းလယ်တိုက်စစ် ကစားသမား အန်နဝါရီကို သက်တမ်းတိုးစာချုပ် ချုပ်ဆို ရန် ဆွေးနွေးမှုပြုလုပ်နေကြောင်း သိရသည်။

အန်နဝါရီသည် အာဆင် နယ် လူငယ်အသင်းတွင် ခြေစွမ်းပြ ကစားနေသည့် အတွက် ၂၀၂၂ ခုနှစ်ကတည်းက စီနီယာအသင်းကြီးသို့ ခေါ်ယူ ခြင်းခံခဲ့ရကာ ပရီးမီးယားလိဂ် တွင် ပါဝင်ကစားခဲ့သည့် အတွက် အသက် ၁၅ နှစ်နှင့် အသက်အငယ်ဆုံး ကစား သမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး နောက် ပါဝင်ကစားသည့် ပြိုင်ပွဲ များတွင် ပုံမှန်ခြေစွမ်းပြသ နိုင်ခဲ့သည်။ 

ထို့ကြောင့် အာဆင်နယ် အသင်းက အနာဂတ်တွင် အလားအလာကောင်းများရှိသည့် လူငယ်ကစားသမားကို   ဆက်လက်် ထိန်းသိမ်းရန် ဆုံးဖြတ်ထားပြီး အန်နဝါရီအနေဖြင့် အာဆင် နယ်အသင်းနှင့် လာမည့် ၂၀၂၅ ခုနှစ်မှ သက်တမ်းကုန်ဆုံးမည် ဖြစ်သော်လည်း အသင်းတာဝန် ရှိသူများက  နောက်ထပ် သက်တမ်းသုံးနှစ်တိုးရန် ကစား သမားနှင့် အကြိုသဘောတူညီ မှုရယူ၍ အသက် ၁၈ နှစ်ပြည့် ချိန်တွင် ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုရန် ဆုံးဖြတ် ခဲ့သည်။ 

လက်ရှိတွင် အန်နဝါရီကို မန်ယူအသင်းနှင့် ချဲလ်ဆီး အသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသောကြောင့် အာဆင်နယ် အသင်းက သက်တမ်းတိုးရန် စီစဉ်ခဲ့ပြီး  အနာဂတ်တွင် ကွင်းလယ် တိုက်စစ်ကစားသမား အိုဒီဂတ် ၏ နေရာတွင် အစားထိုးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရ သည်။                             






သူရိန်






အခြားဆက်စပ်သတင်းများ