နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖန်လုံအိမ်ဓာတ်ငွေ့နှင့် ရာသီဥတုပြောင်းလဲမှု

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ဖြစ်ရပ်များကို တွေ့မြင်ရ သည်။ ကမ္ဘာကြီးသည် လွန်ခဲ့သော ရာစုနှစ်များကထက်ပို၍ ပူနွေး လာသည်။ ဤသည်ကိုအကြောင်းပြု၍ ဒေသအသီးသီး၏ ရာသီ ဥတုဖြစ်စဉ် ပြောင်းလဲလာသည်။

ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးလေဝသ ဇလဗေဒ  နှင့် ရာသီဥတုအစွန်းရောက်ဖြစ်စဉ်များ၊ ကမ္ဘာ့နေရာအနှံ့အပြားတွင် ပိုမိုဖြစ်ပွားလာလျက်ရှိရာ ကျွန်းနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေ ဖြင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံရဆုံးဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်သည် နှစ်ပေါင်း ၁၇၄ နှစ်အတွင်း ကမ္ဘာ့အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ထုတ်ပြန်ထား သည်။ 

၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကိုးနှစ် ကာလသည် အပူဆုံး ကိုးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ရာ အပူချိန်မြင့်မားလာမှုကြောင့် သမုဒ္ဒရာများ ပူနွေးလာခြင်း၊ ရေခဲတောင် ရေခဲလွှာများ အရည်ပျော် ခြင်းကို ဖြစ်ပေါ်စေပြီး ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်သည် ၁၉၉၃ ခုနှစ်မှ ယနေ့အထိ မှတ်တမ်းများအရ ၂၀၂၃ ခုနှစ်သည် စံချိန်တင် မြင့်တက်လာခဲ့သည်။

၂၀၂၃-၂၀၂၄ ခုနှစ်သည် အားအသင့်အတင့်မှ အားကောင်းသော အယ်နီညိုဖြစ်ပြီး ၂၀၂၄ ခုနှစ်သည် အပူချိန် ပိုမိုပူပြင်းလာမည်ဟု ကမ္ဘာ့မိုးလေဝသက အသိပေးထားသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ အနေဖြင့်လည်း ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်ရေရှားပြဿနာ ကြုံတွေ့ရခြင်း၊ အနောက်တောင်မုတ်သုံလေနောက်ကျခြင်း၊ မုတ်သုံလေအင်အားနည်းခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း စသည့် အစွန်းရောက်မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာပြဿနာများ  ကြုံတွေ့နိုင်ရာ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များကို ပိုမိုတိကျမှန်ကန်စွာ ထုတ်ပြန်ပေးနိုင်ရန်လိုအပ်သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် ကမ္ဘာ ကြီး ပူနွေးလာမှုကို မှန်လုံအိမ်အာနိသင်ဟုဆိုပြီး မှန်လုံအိမ် အာနိသင်ဖြစ်ရခြင်းသည် မှန်လုံအိတ်ဓာတ်ငွေ့များ တိုးပွားလာခြင်း ကြောင့်ဟု ဆိုသည်။

ကမ္ဘာကြီးကို လွှမ်းခြုံထားသည့် လေထုထဲတွင် နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းနှင့် ကာဗွန်ဒိုင် အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်၊ မီသိန်း၊ အာဂွန်၊ နိုက်ထရမ် အောက်ဆိုဒ် အစရှိသော အခြားဓာတ်ငွေ့များက ၁ ရာခိုင်နှုန်းခန့်သာ ပါဝင်ပြီး ကမ္ဘာကြီး၏သင့်တင့်မျှတသော အပူချိန်နှင့် လူ၊ အပင်၊ သတ္တဝါများ ၏ ရှင်သန်မှုတို့က လေထုထဲရှိ ဓာတ်ငွေ့များ၏ မျှခြေပေါ်တွင် မူတည်နေသည်။

ကမ္ဘာတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု မြင့်တက်လာခြင်း ကို ကမ္ဘာ့အသိုင်းအဝိုင်းက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ ထုတ်လွှတ်မှု လျှော့ချသွားရန် လျှင်လျှင်မြန်မြန် ဆောင်ရွက်သွား ရန် လိုအပ်ကြောင်း နှိုးဆော်ရပါကြောင်း။      






အခြားဆက်စပ်သတင်းများ