နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့မည် မဟုတ်ကြောင်း စတာလင် ပြော

မတ်  ၂၃

ချဲလ်ဆီး အသင်းတွင် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေ ရသည့် တိုက်စစ်မှူး စတာလင် က ဆော်ဒီပရိုလိဂ်သို့ ပြောင်း ရွှေ့မည်မဟုတ်ကြောင်းနှင့် ချဲဆီးအသင်းနှင့်အတူ ဆုဖလား ရယူနိုင်ရန် မျှော်လင့်ထား ကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိ တိုက်စစ်ကစားသမား စတာ လင်သည် ၂၀၂၂ ခုနှစ်က မန်စီးတီးအသင်းမှ ချဲလ်ဆီး အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄၇ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး နောက် ပုံစံကောင်းပျောက်ဆုံး ခဲ့သဖြင့် အသင်းပရိသတ်များ ၏ အားပေးထောက်ခံမှု ကျဆင်းခဲ့ကာ ပြီးခဲ့သည့် အက်ဖ်အေဖလား ပွဲစဉ်တွင် လည်း ပရိသတ်များ၏ လှောင်ပြောင်မှုများကိုပါ ခံခဲ့ ရသည်။

ချဲလ်ဆီး အသင်းတွင် တစ်ပတ်လုပ်ခ စတာလင်ပေါင် ၃၀၀,၀၀၀ ရရှိနေသည့် စတာ လင်သည် အသင်းနှင့် နှစ် နှစ်ခွဲစာချုပ် ကျန်ရှိနေကာ ဆော်ဒီပရိုလိဂ်က မြင့်မားသည့် လုပ်ခလစာဖြင့် ကမ်းလှမ်းမှု များ ပြုလုပ်ခဲ့သော်လည်း ၎င်းက ငြင်းဆိုခဲ့ပြီး ချဲလ်ဆီး အသင်းနှင့်သာ ဆက်လက် လက်တွဲရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

သို့သော် အသင်းတာဝန်ရှိ သူများက စတာလင်ကို  သင့်လျော်သည့် ပြောင်းရွှေ့ ကြေးရရှိပါက ရောင်းချသွား မည်ဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းများမှလွဲ၍ ကျန်ကလပ် အသင်းများ၏ ကမ်းလှမ်းမှုကို မျှော်လင့်  နေကြောင်း သိရသည်။






သူရိန်






အခြားဆက်စပ်သတင်းများ