နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တီဘီရောဂါ ပပျောက်ရေး ကြိုးပမ်းဆောင်ရွက်ပေး

တီဘီရောဂါသည် လေထဲမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်သော တီဘီပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါတစ်မျိုး ဖြစ်၏။ တီဘီ ရောဂါသည် အနာသိဆေးရှိပြီးဖြစ်ရာ ‌ဝေဒနာရှင်များကို ဆေးကို စနစ်တကျ သောက်သုံးခြင်းဖြင့် ကုသပျောက်ကင်းနိုင်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ၊ တီဘီ/အိပ်ချ်အိုင်ဗွီနှင့် ဆေး ယဉ်ပါး တီဘီရောဂါအဖြစ်အများဆုံးနိုင်ငံ ၃၀ တွင် အပါအဝင် ဖြစ်ပြီး WHO ၏ Global TB report (2023) အရ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေ တစ်သိန်းတွင် တီဘီလူနာသစ်ဖြစ်ပွားနှုန်း ၄၇၅ ဦး ရှိပြီး သေဆုံးနှုန်း ၈၀ ခန့် ရှိနိုင်ကြောင်း ခန့်မှန်းထား သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ ဦးဆောင်ကာ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တီဘီ ‌ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားမဟာဗျူဟာ စီမံကိန်း (National Strategic Plan) ၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

၂၀၂၃ ခုနှစ်တွင် တီဘီလူနာ တစ်သိန်းနှစ်သောင်းကျော် ရှာဖွေကုသမှုပေးနိုင်ခဲ့ပြီး  ဆေးကုသအောင်မြင်မှုနှုန်း  ၈၈ ရာခိုင်နှုန်း ရှိခဲ့သည်။ တီဘီရောဂါသည် ကုသပျောက်ကင်းနိုင်သည့် ရောဂါတစ်ခုဖြစ်သည့်အတွက် စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ပါက ပြည်သူလူထုအတွင်း တီဘီရောဂါကူးစက်ပြန့်ပွားမှုကို လျှော့ချ နိုင်မည်ဖြစ်သည်။

တီဘီလူနာများအား အရှိန်အဟုန်ဖြင့် ရှာဖွေခြင်း၊ လုပ်ငန်း များကို တိုးချဲ့ဆောင်ရွက်ရန်နှင့် တီဘီလူနာများအား မဖြစ်မနေ သတင်းပို့ရန် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ ပိုမိုပါဝင်ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သည်။

တီဘီဆေးဝါးများကို ကျန်းမာရေးဝန်ထမ်းမျာ၏ ညွှန်ကြား ချက်အတိုင်း စနစ်တကျ ‌ဆေးကုသကာလပြီးဆုံးသည်အထိ မှန်မှန်မကုသလျှင် တီဘီပိုးများက အစွမ်းထက်ဆေးများကို ယဉ်သွားပြီး ကုသရန်ခက်ခဲသည့် ဆေးယဉ်ပါးတီဘီရောဂါ (သို့မဟုတ်) ဆေးမတိုးသော တီဘီရောဂါအဖြစ် ပြောင်းလဲသွား မည် ဖြစ်သည်။

ဆေးယဉ်ပါးတီဘီရောဂါဖြစ်နိုင်ရန် အခြေအနေရှိသူများမှာ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရသူ၊ သွေးချို၊ ဆီးချိုရောဂါခံစားနေရ သူ၊ အရက်စွဲရောဂါရှိသူ၊ တီဘီရောဂါကုသမှုကို စနစ်တကျခံယူရန် အခြေအနေမရှိသူများ ဖြစ်သည်။ ဆေးယဉ်ပါး တီဘီရောဂါကုသမှု တွင် ခြောက်လ သို့မဟုတ် ကိုးလ အထိ ဆေးကုသမှုခံယူရမည့် ကုထုံးသစ် (B Palm/ B Pal) ကို ဆေးယဉ်ပါး တီဘီလူနာ ကုသပေးနေသည့်ဌာနများတွင် အသုံးပြုလျက်ရှိသည်။

သို့ဖြစ်ရာ တီဘီရောဂါပပျောက်ဖို့၊ အားလုံးဝိုင်းဝန်း ပူးပေါင်း လို့၊ ပံ့ပိုးကူညီ ဆောင်ရွက်စို့နှင့်အညီ တီဘီရောဂါပပျောက်နိုင်ရေး  အတွက် ကာကွယ်ကုသရေးလုပ်ငန်းများကို ပြည်သူတစ်ရပ်လုံး ပူးပေါင်းပံ့ပိုး ဆောင်ရွက်စေချင်ကြောင်း။      






အခြားဆက်စပ်သတင်းများ