နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဏ်ရာပြဿနာကြောင့် ဂျာမနီအသင်း လူစာရင်းမှ ဂိုးသမား နူအာ နုတ်ထွက်

မတ်  ၂၂

ဘိုင်ယန်မြူးနစ် အသင်း ဂိုးသမားနူအာသည် နိုင်ငံတကာ ပြိုင်ပွဲကာလအတွင်း ကစားရ မည့် ခြေစမ်းပွဲစဉ်များတွင် ဂျာမ နီအသင်းအတွက် ရွေးချယ်ခံရ သော်လည်း ၎င်းအနေဖြင့် လေ့ကျင့်ရေး အစီအစဉ်တွင် ဒဏ်ရာရရှိခဲ့သဖြင့် အသင်းလူ စာရင်းမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

နူအာသည် ဂျာမနီအသင်း နှင့် ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေး အစီအစဉ်တွင် ဘယ်ဘက်လက် ချောင်းကြွက်သားများ ထိခိုက် မှုရှိခဲ့သဖြင့် ဂျာမနီဘောလုံး အဖွဲ့ချုပ်က လိုအပ်သည့် စကန် ဖတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရက်သတ္တပတ် အနည်းငယ် အနားယူရမည်ဖြစ်၍ အသင်း လူစာရင်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ် သည်။ 

ဂိုးသမား နူအာသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ခြေထောက်ဒဏ်ရာရရှိခဲ့သော ကြောင့် ကာလရှည် အနားယူခဲ့ ရပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လမှသာ ဘိုင်ယန်မြူးနစ် အသင်းနှင့် ပူးပေါင်းနိုင်ခဲ့ပြီး နောက် အသင်းနှင့်အတူ လက်စွမ်းပြသနိုင်ခဲ့သဖြင့် နည်းပြ နာဂျယ်စမန်းက ဂျာမနီ အသင်း လူစာရင်းတွင် ထည့် သွင်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် နည်းပြ နာဂျယ်စမန်းက ပြင်သစ်၊ နယ်သာလန်အသင်းတို့နှင့်  ခြေ စမ်းပွဲစဉ်များအတွက် နူအာ၏ နေရာတွင် အစားထိုးနိုင်ရန် ဘာစီလိုနာ ဂိုးသမား တာစတီဂန်၊ ဖူလ်ဟမ် ဂိုးသမား လီနိုနှင့် ဟော်ဖန်ဟိမ်း ဂိုးသမား အိုလီဗာတို့ကို ခေါ်ယူခဲ့ပြီး ယူရို ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု များ ပြုလုပ်လျက်ရှိသည်။ 






သူရိန်






အခြားဆက်စပ်သတင်းများ