နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာမည့် အပြောင်းအရွှေ့ကာလတွင် မူစီအာလာကို ကမ်းလှမ်းရန် လီဗာပူးအသင်း ပြင်ဆင်

မတ်  ၂၂

လီဗာပူးအသင်းက လာ မည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် အနာဂတ်  မရေမရာဖြစ်နေသည့် လူငယ်ကွင်းလယ်ကစားသမား မူစီအာလာကို မြင့်မားသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေ ကြောင်း သိရသည်။

လီဗာပူးအသင်းသည် ပြီးခဲ့ သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင်  ကွင်းလယ်ပိုင်းမှ ဟန်ဒါဆန်နှင့် ဖာဘင်ဟိုတို့ကို ဆော်ဒီကလပ် အသင်းများထံ ရောင်းချခဲ့ပြီး နောက် လက်ရှိ အသင်းကွင်း လယ်ပိုင်းတွင် ဒဏ်ရာရ ကစားသမားများနေပြီး လိုအပ် ချက်ရှိနေသည့်အတွက် ကွင်း လယ်ပိုင်းကို အင်အားဖြည့်တင်း ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ 

အသက် ၂၁ နှစ်အရွယ်ရှိ လူငယ်ကစားသမား မူစီအာ လာသည် ချဲလ်ဆီးအသင်း အကယ်ဒမီအထွက် ကစား သမားတစ်ဦးဖြစ်သော်လည်း ချဲလ်ဆီးလူငယ် အသင်းတွင် ကစားခွင့်အရရှိသည့်အတွက် ၂၀၁၉ ခုနှစ်တွင် ဘိုယန်မြူးနစ် လူငယ်အသင်းသို့ ပြောင်းရွှေ့ ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က ပရော် ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုကာ အသင်းကြီးနှင့် စတင်ပူးပေါင်း ခဲ့ခြင်းဖြစ်သည်။

မူစီအာလာသည် ဘိုင်ယန် မြူးနစ်အသင်းနှင့် ဘောလုံး  ရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ကာ လက် ရှိဥရောပတွင် အကောင်းဆုံး လူငယ်ကွင်းလယ်ကစားသမား  တစ်ဦးအဖြစ် ရပ်တည်နေသူဖြစ် သောကြောင့် လီဗာပူးအသင်း က ကွင်းလယ်ပိုင်း အင်အား ဖြည့်တင်းရန် ခေါ်ယူလိုနေခြင်း ဖြစ်သည်။                       





သူရိန်






အခြားဆက်စပ်သတင်းများ