နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရဟိတ စိတ်ဓာတ်

ဤလောက၌ မိမိအကျိုးဆောင်ရွက်ခြင်းနှင့် အများအကျိုး ဆောင်ရွက်ခြင်းဟူ၍ အကျိုးနှစ်ပါးဖြစ်ပေါ်စေသည့် ဆောင်ရွက် ခြင်း နှစ်မျိုးရှိသည်။ ပရဟိတစိတ်ဓာတ်သည် စိတ်ကောင်းစိတ်မြတ် ဖြစ်သည်။ အများအကျိုးသယ်ပိုး ဆောင်ရွက်ခြင်းသည် မွန်မြတ် သော အလုပ်ဖြစ်သည်။

ထို့ကြောင့် ပရဟိတစိတ်ဓာတ်သည် လူတိုင်း မွေးမြူထားရှိအပ် သော စိတ်ဖြစ်သည်။ ပရဟိတသည် လူတစ်ဦးမှ အစပြု၍ အသင်း အဖွဲ့များဖြင့်ပါ ပြုလုပ်လာကြသည်မှာ ကမ္ဘာအနှံ့ပင်ဖြစ်သည်။

မိမိတို့ရပ်ရွာတွင် ကောင်းသောအပြုအမူများကို ပြုကြသည်မှာ အကျိုးကျေးဇူးများလှသည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ရပ်သူ ရွာသားများ ချစ်ခင်ရင်းနှီးမှု၊ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်မှုကို တိုးပွား စေသည်။

မြန်မာတို့၏ ရပ်သူရွာသားဘဝကား အဖိုးတန်လှသည်။ အဖိုးတန်လှသော ဘဝများကို ခံစား၊ စံစားနိုင်ရေးအတွက် မသိ နားမလည်သူ၊ အသိလွဲမှားသူတို့ကို အသိမှန်၊ အကျင့်မှန် အယူမှန် သော၊ သမ္မာဒိဋ္ဌိများ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သင့်သည်။

သူတစ်ပါး၏ အပြစ်အနာအဆာကို မကြည့်ပါနှင့်။ မိမိအဖို့ အရေးကြီးသည်ကား မိမိကောင်းမှုကိုလည်းကောင်း၊ မကောင်းမှု ကိုလည်းကောင်း  လုပ်သည်၊  မလုပ်သည်ကိုသာ  ကြည့်ရ၏။ သူတစ်ပါးအပြစ်ကို ကြည့်ခြင်းထက် မိမိအပြစ်ကို ကြည့်ခြင်း သာလျှင် မိမိအဖို့ အကျိုးများနိုင်သောကြောင့် ဖြစ်၏ဟု ပုပ္ဗဝဂ် (ဓမ္မပဒ- ၅၀) တွင် ဖော်ပြထားသည်။

လူ့ဘဝတွင် နိမ့်တစ်ခါ၊ မြင့်တစ်လှည့် ရှိတတ်ပါသည်။ လူ့ဘဝ သည် အမြဲတမ်းနိမ့်ကျ မနေနိုင်သလို၊ အမြဲတမ်းလည်း အထက် တန်းကျကျ၊ မျက်နှာပန်းလှလှ မနေနိုင်ပါ။ အဆင်းရှိသလို အတက် လည်း ရှိနိုင်သည်။ လူတိုင်းသည် အများအကျိုးဆောင် ကိုယ့် အကျိုးအောင်ဆိုသည့်စကားအတိုင်း လူမှုအသိုင်းအဝိုင်းအတွင်း သာမှု၊ နာမှု ကိစ္စအဝဝနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင်ပါ တက်ကြွစွာ ပါဝင်လုပ်ကိုင်ပေးသော စိတ်ဓာတ်မွေးမြူကာ အများ အကျိုးဆောင်ရွက်သင့်သည်။

သို့သော် အများအကျိုးကို အကြောင်းပြု၍ မိမိကိုယ်ကျိုးစီးပွား အတွက် ဦးစားပေးဆောင်ရွက်လျှင်မူ ပရဟိတဟု မခေါ်ဆိုနိုင်ပါ။ အရာရာကို အတ္တရှေ့တန်းတင် ဆောင်ရွက်ပါက အလုံးစုံပြီးမြောက် အောင်မြင်မှုကို မရနိုင်ချေ။ 

မွန်မြတ်သည့် ပရဟိတလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် လူ့ဘောင်လောက အေးချမ်းသာယာရေးအတွက် ဝိုင်းဝန်း ကူညီစောင့်ရှောက်စေချင်ကြောင်း။     






အခြားဆက်စပ်သတင်းများ