နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လော့အိန်ဂျလိစ်အသင်းသို့ ပြောင်းရွှေ့ရန် တိုက်စစ်မှူး ဂျရူးဒ် ပြင်ဆင်

မတ်  ၂၁

ယခုနှစ် ဘောလုံးရာသီ အကုန်တွင် အေစီမီလန်အသင်း နှင့် စာချုပ်သက်တမ်း ကုန်ဆုံး တော့မည့် တိုက်စစ်မှူး ဂျရူးဒ် အနေဖြင့် မေဂျာလိဂ်ကလပ် လော့အိန်ဂျလိစ် အသင်းသို့‌ ပြောင်းရွှေ့ရန် ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။

တိုက်စစ်မှူး ဂျရူးဒ်သည် ပြီးခဲ့သည့် နွေရာသီ အပြောင်း အရွှေ့ကာလကလည်း မေဂျာ လိဂ်ကလပ်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်ခဲ့ကာ အေစီမီလန် အသင်းက တစ်နှစ်သက်တမ်း တိုးခဲ့သဖြင့် အသင်းတွင် ဆက်လက်နေထိုင်ရန် ဆုံးဖြတ် ခဲ့ပြီး ယခုနှစ်တွင် အေမီစီလန် အသင်းက အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ထွက်ခွာခွင့်ပြုခဲ့သော ကြောင့် မေဂျာလိဂ်ကလပ် လော့အိန်ဂျလိစ် အသင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေးလျက် ရှိသည်။

လော့အိန်ဂျလိစ် အသင်း သည် ဂိုးသမား လိုရစ်ကိုလည်း ယခုနှစ် ဘောလုံးရာသီတွင် ခေါ်ယူနိုင်ခဲ့ သောကြောင့် ပြင်သစ်အသင်းဖော် ရှိနေ သည့်အတွက် ဂျရူးဒ်နှင့် လော့အိန်ဂျလိစ် အသင်းတို့၏ အပြောင်းအရွှေ့မှာ သဘောတူ ညီမှုရရှိရန် နီးစပ်နေကြောင်း သိရသည်။

အသက် ၃၇ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဂျရူးဒ်သည် ၂၀၂၂ ခုနှစ်တွင် အေစီမီလန်အသင်း အား စီးရီးအေချန်ပီယံဆု ရရှိအောင် ကူညီနိုင်ခဲ့သူဖြစ်ပြီး ယခုနှစ်တွင်လည်း အသင်း အတွက် စီးရီးအေပြိုင်ပွဲ ၂၆ ပွဲတွင် သွင်းဂိုး ၁၂ ဂိုးနှင့် ဂိုးဖန်တီးမှု ရှစ်ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။         

   






သူရိန်






အခြားဆက်စပ်သတင်းများ