နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေဗာကူဆင်အသင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးချိန်ထိ ဆက်ရှိမည်ဟု နည်းပြ အလွန်ဆို ပြော

မတ်  ၂၁

လေဗာကူဆင်အသင်းတွင် လက်ရှိ စာချုပ်သက်တမ်း ကုန် ဆုံးချိန်ထိ ဆက်ရှိနေမည်ဖြစ် ကြောင်း နည်းပြ အလွန်ဆိုက အတည်ပြု ပြောကြားခဲ့သည်။

အသက် ၄၂ နှစ်အရွယ်ရှိ  နည်းပြ  အလွန်ဆိုသည် ၂၀၁၇ ခုနှစ်က ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူခဲ့ ပြီးနောက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇွန်လက ဆိုစီဒက် လူငယ်အသင်းနှင့်အတူ ပရော် ဖက်ရှင်နယ် နည်းပြဘဝကို စတင်ခဲ့သူဖြစ်သည်။

ထို့နောက် နည်းပြ အလွန် ဆိုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက လေဗာကူ ဆင်အသင်း နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး အသင်းနှင့် အတူ ပထမဆုံးဘောလုံးရာသီ ၌ပင် ရလဒ်ကောင်းများ ဆက်တိုက်ရရှိအောင် စွမ်း ဆောင်နိုင်ခဲ့သူဖြစ်သည်။

လေဗာကူဆင် အသင်းကို ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင် ထားနိုင်ခဲ့သည့် နည်းပြ အလွန်ဆိုကို ယခုနှစ် ဘောလုံးရာသီအကုန်တွင် လီဗာပူးအသင်း၊ ဘာစီလိုနာ အသင်းနှင့် ဘိုင်ယန်မြူးနစ် အသင်းတို့က နည်းပြအသစ် အဖြစ် ခန့်အပ်ရန် ကြိုးပမ်းနေ သော်လည်း နည်းပြ အလွန်ဆို က လေဗာကူဆင်အသင်းနှင့် သာ စာချုပ်သက်တမ်း ကုန်ဆုံး ချိန်ထိ လက်တွဲရန် ဆုံးဖြတ်ခဲ့ ကြောင်းသိရသည်။         





သူရိန်






အခြားဆက်စပ်သတင်းများ