နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးဘေးအန္တရာယ် သတိပြုကာကွယ်

 ယခုအခါ ပူပြင်းခြောက်သွေ့သော ရာသီဥတုသို့ ရောက်ရှိ လာပြီ ဖြစ်သည်။ မိမိတို့ နေ့စဉ်မသုံးမဖြစ် အသုံးပြုနေရသည့် မီးကို ပိုမိုဂရုထားအသုံးပြုကြရန် လိုအပ်သည်။ မိမိတို့နိုင်ငံတွင် ဖြစ်ပွား သော မီးလောင်မှုများတွင် ပေါ့ဆမှုကြောင့် လောင်ကျွမ်းသော မီးလောင်မှုမှာ အများဆုံးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ သုံးသပ် ချက်များအရ သိရသည်။

နှစ်စဉ် မီးလောင်မှုကြောင့် မလိုလားအပ်သော အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုလျော့နည်းပြီး တဖြည်းဖြည်းပပျောက်သွား စေရန် လူတိုင်း မီးကို ဂရုပြုသုံးစွဲသင့်သည်။ ကျေးလက်ဒေသတွင် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူများ၊ ရိတ်သိမ်းခြွေလှေ့ပြီးနောက် စပါးခင်း၊ ကြံခင်း၊ ပြောင်းခင်း စသည့် စိုက်ခင်းများကို ခုတ်ထွင် ရှင်းလင်းမီးရှို့မှုများ၊ အမှိုက်သရိုက်များ မီးရှို့မှုနှင့် တောမီးလောင် မှုများကြောင့် လေထုညစ်ညမ်းမှုကိုဖြစ်စေသည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတွင် အဓိကကျသည့် မီးသုံးစွဲလျှင် အမြဲသတိရှိပြီး လူစောင့်ထားခြင်း၊ မီးဖိုအနီးတွင် လောင်စာဆီများ မထားခြင်း၊ မီးဖိုများကို မြေကျင်းတူး စနစ်တကျ အသုံးပြုခြင်း၊ မီးဖိုအား စနစ်တကျ ကာရံထားခြင်း၊ ကလေးသူငယ် များအား မီးမဆော့ရန် ထိန်းသိမ်းခြင်း၊ မီးခွက်၊ မီးအိမ်၊ ဖယောင်း တိုင်များ ထရံနှင့် ခြင်ထောင်အနီးတွင် မထွန်းခြင်း၊ တောမီး မလောင်အောင် ဆောင်ရွက်ခြင်း၊ မီးတားလမ်းများ ဖောက်လုပ် ခြင်း၊ လယ်ကွင်းများအတွင်း ကောက်ပဲသီးနှံများ ရိတ်သိမ်းချိန်တွင် မီးအသုံးမပြုခြင်းတို့ လိုက်နာဆောင်ရွက်ရန်လိုအပ်သည်။

မီးလောင်မှုဖြစ်ပွားလျှင် ထွက်မပြေးပါနှင့်၊ ပတ်ဝန်းကျင်ကို အကူအညီတောင်းရန်၊ မီးစတင်လောင်ကျွမ်းချိန်တွင် ငြှိမ်းသတ် နိုင်လျှင် မီးလောင်ဆုံးရှုံးမှု မများနိုင်ကြောင်း၊ အိမ်တိုင်း၊ အဆောက် အအုံတိုင်း၊ ယာဉ်တိုင်းတွင် ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ် ဆေးဘူးများ ဆောင်ထားခြင်းဖြင့် အလျင်အမြန် မီးငြှိမ်းသတ်နိုင် ကြောင်း မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်ထားသည်။

မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကို ပြည်သူအများ ဂရုပြုလာရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်း‌ဆောင်ရွက်လျက် ရှိသည်။ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ ဦးဆောင်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှု မရှိစေရေး ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းများကို လှည့်လည်နှိုးဆော်လျက်ရှိသည်။ သို့သော်လည်း ပြည်သူများ လိုက်နာမှု အားနည်းကြောင်း တွေ့ရသည်။

ယင်းသို့  လိုက်နာမှုအားနည်းခြင်း၊  ဂရုမပြုခြင်းကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများ လျော့နည်းသွားစေရန် မီးသုံးစွဲသူ အားလုံးက ကြိုတင်ကာကွယ် စောင့်ရှောက်စေချင်ကြောင်း။    






အခြားဆက်စပ်သတင်းများ