နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးအသင်းက လူကာကူနှင့် ကီပါတို့ကို ဆော်ဒီကလပ်အသင်းများထံ ရောင်းချရန် ပြင်ဆင်

မတ်  ၂၀

ချဲလ်ဆီးအသင်း ပိုင်ရှင် တော့ဘိုလီက လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် အသင်းမှ အငှားစေ လွှတ်ထားသည့် တိုက်စစ်မှူး လူကာကူနှင့် ဂိုးသမား ကီပါတို့ ကို ဆော်ဒီကလပ်အသင်းများ ထံ ရောင်းချရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

ချဲလ်ဆီးအသင်းသည် ပြီးခဲ့ သည့် နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလက လည်း အသင်းမှ ကစားသမား များဖြစ်သည့် ကန်တီ၊ ကူလီဘာ လေ၊ မန်ဒီ အစရှိသည့် ကစား သမားများကို မြင့်မားသည့်  ပြောင်းရွှေ့ကြေးများဖြင့် ဆော်ဒီ ကလပ်အသင်းများသို့ ရောင်းချ ခဲ့ပြီး ယခုအခါတွင်လည်း အငှား စေလွှတ်ထားသည့် လူကာကူ နှင့်  ကီပါတို့ကို ဆက်လက် ရောင်းချရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

အသင်းပိုင်ရှင် တော့ဘိုလီက ဘဏ္ဍာရေးစည်းမျဉ်းနှင့် မငြိစွန်း စေရန်အတွက် ရိုးမားအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းထံ အငှား စေလွှတ်ထားသည့် တိုက်စစ်မှူး လူကာကူနှင့် ဂိုးသမား ကီပါတို့ ကို ဆော်ဒီကလပ် အသင်းများ ထံရောင်းချရန်အတွက် လက်ရှိ အချိန်ကတည်းက ဆွေးနွေးမှု များ ပြုလုပ်နေခြင်းဖြစ်သည်။

ချဲလ်ဆီးသင်းက လာမည့် အပြောင်းအရွှေ့ ကာလတွင် လူကာကူနှင့် ကီပါတို့အပြင် ဘရိုဂျာ၊ ဂယ်လာဟာ၊ ကူကူရယ် လာနှင့် ချာလိုဘာတို့ကိုလည်း အရောင်းစာရင်း တင်သွင်းထား ကြောင်း သိရသည်။           






သူရိန်






အခြားဆက်စပ်သတင်းများ